Friday 31 October 2014

တစ်ပါးတည်းသော ကားတိုင်ပေါ်၌အသေခံခဲ့သော ရှင်ဘုရင်( ၁ )

ရှင်ယောဟန် ၁၉း၁-၁၈
 ထိုအခါပိလတ်မင်းသည် ယေရှုကိုယူ၍ ရိုက်ပြီးမှ၊ .......................................................................
........................................................ထိုသူနှစ်ယောက်အလယ်မှာ ယေရှုသည် နေရာ ကျသတည်း။

ယနေ့ တွင် လူသားစုတရပ်လာံးအတွက်( အပြစ်သားတွေအတွက်)၊ အသေခ့ခဲ့သောလူ၊ ကားတိုင်ပေါ်တွင် ရှင်ဘုရင်ဟူသော အမှတ်အသားဖြင့် အသေခံခဲ့သောသူကို ပြပါဆိုလျှင်၊ သခင်ယေရှုကို ပြသရမည်ဖြစ်ပါ
သည်။ ကားတိုင်ပေါ်တွင် ယုဒတို့ ၏ ရှင်ဘူရင်ဟူသော အမည်ဖြင့် အသေခံခဲ့သော သခင်ယေရှုသည် ယုဒလူမျိုးတွေ အတွက်သာမဟုတ် လူသားများအားလုံး၏ ရှင်ဘုရင်ဖြစ်ပါသည်။ ရှင်ဘုရင်ဟုဆိုရာဝယ်၊ ကမ္ဘာမြေကြီးပေါ်က နိုင်ငံအသီးသီးကို အုပ်ချုပ်မင်းလုပ်နေသော ရှင်ဘုရင်ကို ပြေးမြင်မိကြပါသည်။ ကမ္ဘာမြေ
ကြီးပေါ်က ရှင်ဘုရင်တို့ သည်၊ သူတို့ အုပ်ချုပ်သောနိုင်ငံနှင့် သူ့ နိုင်ငံတွင်းရှိသော လူတွေကို အုပ်စိုးပိုင်ခွင့်ရှိပါသည်။
 သို့ သော် ကားတိုင်ပေါ်တွင် ရှင်ဘုရင်ဟူသော အမှတ်အသားနှင့် အသေခံခဲ့သော၊ ယေရှုသည်၊ ကမ္ဘာမြေ
ကြီးပေါ်တွင်သာမက အရာရာအားလုံးကို ပိုင်သအုပ်စိုးနိုင်သော ရှင်ဘုရင်တစ်ပါးဖြစ်ပါသည်။
ထိုရှင်ဘုရင် ယေရှုသည်၊ ကမ္ဘာမြေကြီးကို ဖန်ဆင်းခဲ့သူဖြစ်သည့်အတွက်၊ ၍ကမ္ဘာမြေကြီးပေါ်က အရာတွေကို သူမမက်မောပါ။ သူစိတ်ဝင်စားသည်မှာ သင်နှင့်ကျွန်ပ်၏ ၀ိညာဉ်ကိုသာဖြစ်သည်။ သူနိုင်ငံသည် ကောင်းကင် နိုင်ငံဖြစ်သည်။ ယေရှုသည် ကောင်းကင်နိုင်ငံက ရှင်ဘုရင်တစ်ပါးဖြစ်ည်။ သူနိုင်ငံတော်တွင် လူသားစု တရပ်လုံးဝင်စားနိုင်ရေးအတွက်၊ သူကိုယ်တိုင် လူ့ ဇာတိခံယူကြွဆင်းလာကာ၊ ကားတိုင်ပေါ်တွင် အသေခံခဲ့သော၊ ကောင်းကင်နိုင်ငံက ရှင်ဘုရင်ဖြစ်ပါသည်။ သို့ သော် ထိုရှင်ဘုရင်ကို သာမန်အားဖြင့်ကြည့်ကာ ယုဒလူမျိုးတွေ ကားတိုင်တင်၍ ရိုက်သတ်ခဲ့ကြပါသည်။သို့ သော်လည်း ထိုအရာက သမ္မာကျမ်းစာ
ပြည့်စုံရန် အတွက်ဖြစ်လာပါသည်။
သမ္မာကျမ်းစာတွင် ပြန်၍လေ့လာကြည့်မည်ဆိုပါက...ယောဟန် ၁၉း ၁ တွင်
 
                            ထိုအခါပိလတ်မင်းသည် ယေရှုကိုယူ၍ ရိုက်ပြီးမှ၊
 
ဟူ၍ပါရှိသည်။ ထိုအခြင်းအရာသည် ပိလတ်မင်း၏ ကရုဏကိုဖော်ပြနေပါသည်။ ယုဒလူတို့  ယေရှုကို ကားတိုင်၍သတ်ရန်၊ ပိလတ်မင်းထံ ယေရှုကို အပ်သော်လည်း၊ ပိလတ်မင်းသည် လွတ်ချင်သော စိတ်ဆန္ဒ
ရှိကြောင်း တွေ့ ရပါသည်။ ယောဟန် ၁၉း ၁၂
 
ထိုအခါမှစ၍ ပိလတ်မင်းသည် ကိုယ်တော်ကိုလွှတ်ခြင်းငှါ ရှာကြံလေ၏။ ယုဒလူတို့ကလည်း၊ ထိုသူကိုလွှတ်လျှင် ကိုယ်တော်သည် ကဲသာဘုရင်၏အဆွေ မဟုတ်ပါ။ ရှင်ဘုရင်လုပ် သောသူမည်သည်ကား၊ ကဲသာဘုရင်၏ရန်သူဖြစ်ပါသည်ဟု လျှောက်ကြ၏။
 

စစ်တိုက်ထွက်မယ်

    ယုံကြည်သူ ခရစ်ယာန်များအနေဖြင့် ဧ၀ံဂေလိဟု ခေါ်သောစစ်မြေပြင်သို့  ထွက်ရာတွင် မိမိ
    ကိုယ်ကို ပြင်ဆင်ထားမှုသည် အရေးကြီးပါသည်။ ထိုကြောင့် ကျွန်တော်တို့  ဘာတွေဝတ်ဆင်
    ရမည်ဆိုတာကို ကြည့်ရအောင်..။ ယခုလာမည့် စနေနေ့   Bible Study မှာထို အကြောင်းကို
    သင်ကြားမှာဖြစ်ပါတယ်။  
 
သစ္စာတည်းဟူသော ခါးပန်းကိုစည်းလျက်၊ ဖြောင့်မတ်ခြင်းပါရမီတည်းဟူသော ရင်အုပ်တန်ဆာကို
ဝတ်ဆင်လျက်၊ ငြိမ်သက်ခြင်းနှင့်ယှဉ်သော ဧဝံဂေလိတရား ကို ဟောပြောအံ့သောငှါ
ပြင်ဆင်သော အဖြစ်တည်းဟူသော ခြေစွပ်ကိုစွပ်လျက် ခံရပ်ကြလော့။
မာရ်နတ်ပစ်ခတ် သော မီးစက် လက်နက်ကို ကာသတ်နိုင်သော ယုံကြည်ခြင်းတည်းဟူသော လွှားကို
လည်း ခပ်သိမ်းသော လက်နက် တို့အပေါ်မှာ ထပ်ဆင့်၍ ယူဆောင်ကြလော့။
ကယ်တင်ခြင်းတည်းဟူသော သံခမောက်လုံးကို၎င်း၊ ဘုရား သခင်၏ နှုတ်ကပတ်တည်းဟူသော ဝိညာဉ်တော်၏ထားကို၎င်း ယူကြလော့။
                                                                                  ဧဖက် ၆း ၁၄ - ၁၇

Rev . Maran Hkun San ( Denver , CO USA )

 

အမည်ခံ ခရစ်ယာန်လား...

 
 
 
 
ရေထဲပလုံဆိုတိုင်း ခရစ်ယာန်ဖြစ်တာ မဟုတ်ပါဘူး။
 
 

Thursday 30 October 2014

တစ်ကိုယ်တော် ကျေနပ်ခြင်း..

 
 
 
 
 
 
 ကျွန်တော် ဘလော့လေးကို စွန့် ပစ်ထားတာ ဆယ်လကျော်လောက်ရှိပါပြီ။ သို့ သော်လည်း BLOG လေး
ကတော့ တာဝန်ကျေပွန်စွာစောင့်မျှော်နေဆဲပါပဲ ...ကျွန်တော်က ကျောင်းတက်နေတော့ BLOG ကိုလှည့်
မကြည့်အားတာပါ။ ဒါပေမယ့် ကျွန်တော်ဘလော့ကိုလည်း ဘယ်သူမှဝင်မကြည့်ကြပါဘူးဆိုတာ သိနေ
တယ်လေ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်ဘလော့က ဘာမှထူးထူးတွေထွေမှ မရှိတာကိုး။
            ဘာပဲဖြစ်ဖြစ် blog လေးမပျက်သွားပဲ ရှိနေတာကိုက ကျေနပ်မိပါတယ် ....