ဒီကနေ့  Denver မှာ နှင်းတွေ အရမ်းကျပါတယ် ။ ဒီနှစ် နှင်း ကျတာ မနှစ်ကထက် စောတယ်။ မနေ့  ညကတည်းကကျထားတဲ့ နှင်းဟာ ကျွန်တော် အလုပ်သွားခါနီးကြည့်လိုက်တော့ လမ်းမှတလျှောက် ဖွေးနေပါပြီ ။ ဒီလို နှင်းကျချိန်မှာ အလုပ်သွားရတာ ၊ အပြင်သွားရတာ အရမ်းစိတ်ညစ်ဖို့ ကောင်းပါတယ်။ အလုပ်သွားဖို့  အိပ်ရာကနိုးတော့မနက် ( ၄း၀၀)ပါ ။ ဒါက ကိုယ့်ကား ယူသွားရင် ထတဲ့ အချိန် ၊ ဘတ်(စ်)ကား နဲ့  သွားမယ်ဆိုရင်တော့ မနက် (၃း၃၀) ထရတာပါ ။ ဒီလို နှင်းကျပုံနဲ့ တော့ ဘတ်(စ်)ကား ဂိတ်မှာ စောင့်ရမယ်ဆိုရင်တော့ ကားစောင့်ရင်းနဲ့  တောင့် သွားလိုက်မယ် ။ ဒါကြောင့် ဒီနေ့  ကားယူသွားရတယ်လေ ။
အလုပ်ကပြန်လာတာနဲ့  ဒီနှစ် နှင်း ပထမဆုံးကျတဲ့  နေ့ ကို အိမ်ဘေးနားက ပတ်ဝန်းကျင်မှာ ဓတ်ပုံ အနည်းငယ်ရိုက်ထားလိုက်တယ် ။
ဒဲာလို နှင်းကြားထဲမှာ အလုပ်သွား ၊ အပြင်သွားရတဲ့ အခါ အ၀တ်အစားဝတ်တဲ့အခါ လူကို ကောက်ညှင်းထုပ်
လိုပါပဲ ။ အ၀တ်အစားကို အထပ်ထပ်ဝတ်ပြီးမှ အပြင်သွား၇တာပါ ။ အခု ဒီဘလော့ရေးတဲ့ အချိန်မျာတော့ နှင်း
ကျတာစဲသွားပါပြီ ။ လမ်းတွေ ၊ ကားတွေ ၊ သစ်ပင်တွေပေါ်မှာတော့ နှင်းတွေက တင်ကျန်နေခဲ့တုန်းပါပဲ ။
colorado..( Daenver ) ကိုရောက်ရင် လာလည်ကြနော် ။ နှင်းတောထဲမှာ လျှောက်လည်ကြတာပေါ့..။
လေးစားလျှက်...
(စိုင်းမြင့်ထွန်း)............
ပျော်စရာကြီးနော်...သွားချင်လိုက်တာ။
ReplyDeleteကိုစိုင်းစာကိုဖတ်ပြီး
ReplyDeleteဒီလောက်မအေးတဲ့ သျှမ်းပြည်ကိုလဲလွမ်းမိတယ်
ကောက်ညှင်းထုပ် လဲစားချင်တယ်
ကိုစိုင်းရေ...တောင်ကြီးတန်ဆောင်တိုင်ရောက်တော့မယ်နော်...
မလွမ်းဘူးလား
ဘာလို့သွားချင်တာလဲ အ၇မ်းကိုချမ်းတာ မသိလို့နော်
ReplyDeleteချမ်းလွန်းလို့ကိုစိုင်းကအိမ်ပြင်တောင်မထွက်တော့ဘူး။
တော်သေးတာပေါ့ သူ့မိန်းမရှိလို့။ ညီလေးလိုမျိုး တယောက်တည်းသမားတွေအတွက်တော့မလွယ်ဘူးနော်။
တော်တော်လေးကို ဂွန်ဖြစ်နေတာ။ ဟဟဟ
ကောင်းတယ်
ReplyDelete