ကဲ..သူငယ်ချင်း တို့  တရုတ် စားသောက်ဆိုင်တွေမှာ စားကြမယ်ဆိုရင်တော့ သတိထားနော်...
ဘာကြောင့်လဲဆိုတော့....အောက်က ပုံကိုကြည့်နော်......တရုတ်ပြည်ကလို့ ပြောတာပဲ..
ဘာကောင်လေးပါလိမ့်........
စေတနာ ရှိလို့ ထည့်ကြော်ပေးလိုက်တာနေမယ်....
ဘုရား..ဘုရား ဗိုက်ထဲကို ဘယ်နှစ်ကောင်တောင်ဝင်သွားပြီလဲမသိဘူး...ဟင့်..
ကဲ..စားချင်ရင်တော့ မှာလိုက်နော် အိမ်တိုင်ရာရောက်ပို့ ပေးမယ်.....
လေးစားလျှက် ( စိုင်းမြင့်ထွန်း)...
Wednesday, 18 January 2012
Thursday, 5 January 2012
ကော်ပြန့် လိပ်...
တလောက မြန်မာနိုင်ငံက ဓတ်ပုံတွေကြည့်ပြီးစားချင်စိတ်ပေါ်လာလို့  ကော်ပြန့် လိပ်လုပ်စားဖြစ်ခဲ့ပါတယ်။
ရှိတာလေး နဲ့ ဖြစ်သလိုလုပ်ထားတဲ့ ကော်ပြန့် လိပ်လေးကို လာရောက်သုံးဆောင်ပါအုံးလို့  မိတ်ဆွေအပေါင်းတို့ ကို ဖိတ်ခေါ်လိုက်ပါတယ် ။ စား လည်း စားနော်..ကုန် လည်း မကုန်စေ နဲ့ ပေါ့........ဟီး.....။ ကျွန်တော်လုပ်ထားတဲ့ ကော်ပြန့် လိပ်ပုံလေးတွေ ကိုကြည့်လိုက်ပါအုံး နော် ။
မုန်လာဥ အနီ ကို ခြစ်ထားတာပါ ။
ပဲပင်ပေါက် ကို ရေဆေးပြီး ပြုတ်ထားပါတယ် ။ ( တစ် မိနစ်လောက်ပြုတ်ပါတယ် )
အာလူး ကိုအခွံခွာပြီး အချောင်းလေးများဖြစ်အောင် လှီးပါတယ်။
ဒါကတော့ ကော်ပြန့် လိပ် ..လိပ်မည့် အရာပါ ။
ကော်ပြန့် လိပ် ..လိပ် ပုံ လိပ်နည်းကိုပါ အထုပ်ရဲ့ နောက်ကျောဘက်မှာ ပုံနှင့်တကွ ပြထားပါတယ်။
ကော်ပြန့် လိပ် လိပ်ရန် အထုပ်ထဲမှ ပစ္စည်းကို အပြင်ခဏ္ဏထုတ်ထားပါတယ် ။ (တစ်လွှာခြင်း ဖြည်းညင်းစွာ ခွာပါ ။ )
ကြက်သား ပါ ။ အသားကို စက်နဲ့ ညှပ်နေအာင် ကြိတ်ထားတာကို ဆိုင်မှ အသင့်ဝယ်ယူပါတယ်။
အားလုံးကို စုပေါင်းပြီး ကြော်ပါတယ် ။ ( အသား ကို ကျက်အောင်ကြော်ပါတယ် )
ပုံမှာ ပြထားသည့်အတိုင်း ကြော်ထားသော အစာများကို ထည့်ပြီးလိပ်သော အခါ...
တွဲဖက် စားသုံးရန် အချဉ် လုပ်ထားပါတယ် ။
ကြော်ပြီးသော အခါ အသင့်စားသုံးနိုင်ပြီ ။
ကဲ...သူငယ်ချင်း တို့  အားမနာစွာပဲ ဆွဲကြပေတော့ ။ ကောင်းမကောင်း တော့မသိဘူး ။ ကိုယ့်ဆီမှာ ရှိ
တဲ့နည်းလေးတွေ လည်းဝေမျှကြအုံးနော် ။
အစဉ် လေးစားနေမည့် ..( စိုင်းမြင့်ထွန်း )

Red Rock
ကိုလိုရာဒို မှာ တည်ရှိတဲ့ red rock ကို ဒီဇင်ဘာ အားလပ်ရက် မှာ သွားရောက်ခဲ့ရင်း ရိုက်ထားတဲ့ ဓတ်ပုံလေးတွေပါ ။ အရမ်းအေးလွန်းလို့  ခဏ္ဏလေး နေပြီး ပြန်ခဲ့ကြတာပါ ။
အရမ်းချစ်စရာကောင်းတဲ့ ချင်း ညီအစ်မ နှစ်ယောက်..
စေတနာကောင်းမွန်စွာဖြင့် ကားမောင်းပြီးလိုက်လံ ပို့ ဆောင်ပေးတဲ့
ညီငယ် (စိုင်းဆမ်).......လူပျိုလေးနော် ကြေငြာတာပေးတာပါ ။
စိုင်း ရဲ့  နန်း ဆိုတာလေးနဲ့ ....ဟီး
အတူတကွ ပျော်ရွင်စွာ အမှတ်တရ
ကိုလိုရာဒို နောက်ထပ် လည်ပတ်စရာတွေရှိပါသေးတယ် ။ အချိန်ရရင် သွားလည်ပတ်မယ်လို့  စဉ်းစားထားတယ် ။ ဘယ်တော့လည်း မသိသေးဘူး ။ သွားရင်တော့ ခေါ်လိုက်မယ်လေ သူငယ်ချင်းတို့ ..
လာရောက်လည်ပတ်ကြသော သူငယ်ချင်း မိတ်ဆွေ
တို့ ကို လေးစားလျှက်..( စိုင်းမြင့်ထွန်း)

Subscribe to:
Posts (Atom)