ရှိတာလေး နဲ့ ဖြစ်သလိုလုပ်ထားတဲ့ ကော်ပြန့် လိပ်လေးကို လာရောက်သုံးဆောင်ပါအုံးလို့  မိတ်ဆွေအပေါင်းတို့ ကို ဖိတ်ခေါ်လိုက်ပါတယ် ။ စား လည်း စားနော်..ကုန် လည်း မကုန်စေ နဲ့ ပေါ့........ဟီး.....။ ကျွန်တော်လုပ်ထားတဲ့ ကော်ပြန့် လိပ်ပုံလေးတွေ ကိုကြည့်လိုက်ပါအုံး နော် ။
မုန်လာဥ အနီ ကို ခြစ်ထားတာပါ ။
ပဲပင်ပေါက် ကို ရေဆေးပြီး ပြုတ်ထားပါတယ် ။ ( တစ် မိနစ်လောက်ပြုတ်ပါတယ် )
အာလူး ကိုအခွံခွာပြီး အချောင်းလေးများဖြစ်အောင် လှီးပါတယ်။
ဒါကတော့ ကော်ပြန့် လိပ် ..လိပ်မည့် အရာပါ ။
ကော်ပြန့် လိပ် ..လိပ် ပုံ လိပ်နည်းကိုပါ အထုပ်ရဲ့ နောက်ကျောဘက်မှာ ပုံနှင့်တကွ ပြထားပါတယ်။
ကော်ပြန့် လိပ် လိပ်ရန် အထုပ်ထဲမှ ပစ္စည်းကို အပြင်ခဏ္ဏထုတ်ထားပါတယ် ။ (တစ်လွှာခြင်း ဖြည်းညင်းစွာ ခွာပါ ။ )
ကြက်သား ပါ ။ အသားကို စက်နဲ့ ညှပ်နေအာင် ကြိတ်ထားတာကို ဆိုင်မှ အသင့်ဝယ်ယူပါတယ်။
အားလုံးကို စုပေါင်းပြီး ကြော်ပါတယ် ။ ( အသား ကို ကျက်အောင်ကြော်ပါတယ် )
ပုံမှာ ပြထားသည့်အတိုင်း ကြော်ထားသော အစာများကို ထည့်ပြီးလိပ်သော အခါ...
ကြော်ပြီးသော အခါ အသင့်စားသုံးနိုင်ပြီ ။
ကဲ...သူငယ်ချင်း တို့  အားမနာစွာပဲ ဆွဲကြပေတော့ ။ ကောင်းမကောင်း တော့မသိဘူး ။ ကိုယ့်ဆီမှာ ရှိ
တဲ့နည်းလေးတွေ လည်းဝေမျှကြအုံးနော် ။
အစဉ် လေးစားနေမည့် ..( စိုင်းမြင့်ထွန်း )
နာတို့အကိုက ဒါမျိုးလေးတွေလဲဖြစ်တယ်ပေါ့
ReplyDeleteဒါကြောင့်ယောင်းမက ချစ်နေတာနေမှာနော်
အားမနာတမ်းအ၀တီးခဲ့ပါတယ်ရှင်