သို့ သော် Denver Museum ကို တခါမှ မရောက်ဖြစ်ပါ ။ ဒီနေ့ တော့ အသင်းတော် ၏ သင်းအုပ်ဆရာ
ဖြစ်သော Pastor Rocky နဲ့  အတူ သွားရောက်လေ့လာခဲ့ပါတယ် ။ ဒီလို Museum မှာ အချိန်ယူ လေ့လာမှ ပိုကောင်းပါတယ် ။
ကျွန်တော် တို့  ရတဲ့ အချိန်လေးမှာ ဆရာ နဲ့  အတူ မြန်မြန်လေးသွားလိုက်ရတာကြောင့် စုံအောင်
တော့ မရောက်ခဲ့ပါဘူး ။ ကြည့်ဖြစ်ခဲ့တာလေးကို ဓတ်ပုံ ရိုက်လာပြီးတင်လိုက်တာပါ ။ အထဲမှာတော့
အတော်ကို စုံပါတယ် ။ အထဲမှာ 3D လည်းကြည့်ရှုနိုင်ပါတယ် ။ Member ၀င်ထားလို့ ရှိရင် တစ်နှစ်မှ
$ 60 လောက်ကျမှာဖြစ်ပြီး ၊ ဒီအတိုင်း ၀င်ကြည့်မယ်ဆိုပါက တစ်ယောက်ကို $ 13 ပေးရမှာ ဖြစ်ပါတယ် ။
3D ကြည့်မည်ဆိုပါက Member တစ်ယောက်ကို $ 7 ဖြစ်ပြီး ၊ ဒီအတိုင်းဝင်ကြည့်မည်ဆိုပါက တစ်ယောက်
ကို $ 10 ဖြစ်ပါတယ် ။ အသက်အရွယ်လိုက် ဈေးနှုန်းတွေ ကွာပါတယ် ။ Free Day ...နေ့ တွေလည်းရှိပါ
တယ် ။ Free Day တွေကိုတော့ သူတို့ ရဲ့  ၀က်ဒ်ဆိုဒ်မှာ ကြေငြာလေ့ရှိပါတယ် ။
ဆိုဒ် လိပ်စာကတော့
http://www.dmns.org/ ဖြစ်ပါတယ် ။
ကျွန်တော်ရိုက်လာတဲ့ ပုံလေးတွေ ကြည့်ရအောင် ။ နောက်တစ်ခေါက်မှ စုံအောင်ရိုက်ပြီးတင်မယ်နော် ။
သမင် မိသားစု...
ဆတ်.........
နာမည်မသိတော့...ချိုကားကား နဲ့ အကောင်ပေါ့
ပိုလာ ၀က်ဝံ..
တိရစ္ဆာန် အကောင်မျိုးစုံပြသထားပါတယ် ။ တော်တော်လေးကို အကောင်တွေစုံပါတယ် ။ ကမ္ဘာဦး အစက
အကောင်ကိုတွေလည်း ကျောက်ဖြစ်ရုပ်ကြွင်းအဖြစ်ပြသထားပါတယ် ။
ကြက်ဆင် ..( ထင်တာပြောတာ..သိရင်ပြောခဲ့ပါအုံး )..သားပိုက်ကောင်...
ဘာအမျိုးအစား ဌက် လည်းမသိပါ ။
အပိုင်း ( ၂ ) ဆက်ကြည့်ရအောင်..........
ကျေးဇူးတင်လျှက် ..
အပိုင်း ၁ တော့လာကြည့်ပြီးပြီ ပြောတဲ့အတိုင်း အပိုင်း ၂ ကိုစောင့်လျှက်ပါ
ReplyDelete