မေးလိုက်ပါ.......
တစ်ရက်တွင် အရက်မူးပီး ပြန်လာသော သားဖြစ်သူမှ ဒေါသတကြီး ရပ်ကြည့်နေသော သူ့အဖေ ကို အိမ်တံခါးဝ တွင်မြင်သောအခါ.....
" ရင်နာတယ် အဖေ ရာ .....လူတွေက အရက်မူးတာပဲ မြင်တယ်။ ဘာလို့ သောက်တာလဲလို့ ဘယ်သူမှမမေးကြဖူး....ဗျာ ".... ဟုဆို၏။
...
ထိုအခါ အဖေ လုပ်သူလည်း သား ဖြစ်သူ၏ ညှိုးညှိုး ငယ်ငယ် အမူအရာနှင့် စကား ကြောင့် သနား ကာ မဆူတော့ပေ။
နောက် တစ်ရက်တွင်လည်း သားဖြစ်သူမှာ မူး လာပီး အရင်အတိုင်း ပြော ပြန်သည်။
ဖခင်မှာလည်း နားလည်စွာဖြင့် နုတ်ဆိတ်နေလိုက် ပြန်သည်။
သို့ ဖြင့် သား ဖြစ်သူ အရက်မူးမူးလာသည်မှာ တစ်လ ကျော်လာခဲ့ပေပြီ။
နောက်ဆုံး ဖခင်ဖြစ်သူမှ သားဖြစ်သူကို သနားလွန်း၍ ........
" ဘာဖြစ်လို့ နေ့တိုင်း သောက်နေရတာလဲ ...သားရယ်...ကဲ....အဖေ့ကို ဖြေပါဦး ကွယ်.."...ဟု မေးခွန်း တခု မေးလိုက်၏။
ထိုအခါ သားဖြစ်သူမှ ညှိုးငယ်စွာဖြင့် ဖခင်မျက်နှာအားကြည့်ရင်း.....
" ကြိုက်လို့ သောက်နေတာပါ အဖေ.....".....ဟု ဖြေပီးနောက် ဖခင်ဖြစ်သူ၏ ကန်ချက်ကြောင့် သားဖြစ်သူမှာ လှေကားတိုင်းအောက်သို့တလိမ့်
ကောက်ကွေး ကျသွားလေတော့၏။

....................................................................................................
မှားသူများ.......
မောင်ဖြူ မှာ မချောစု ချိန်းထားသည့် အတိုင်း ညဉ့် ၁၂ နာရီခန့်တွင် အသင့် ဖွင့် ထားသောတံခါးမှ အိမ်ထဲကိုလှမ်းဝင်လိုက်သည်။
ထိုအခါ မထင်မှတ်ပဲ လူရွယ်တစ်ယောက် နှင့် ဘွားကနဲ ၀င်တိုးမိ၏။
...
မောင်ဖြူ မှာ ကြောက်လန့်စိတ်ကြောင့် ဒူးတဆတ်ဆတ် တုန်သွားပီး အယောင်ယောင်အမှားမှား နှင့်စိတ်ထဲပေါ်လာသလို....ပြောချလိုက်၏။
" ကျွန်..ကျွန်တော်က ရေ ပိုက်ပြင်သမားပါ......."
တဘက်လူမှ အံအား သင့်သွားဟန်နှင့်........
" ဟင် ........ခင်ဗျား ရေ ပိုက်ပြင်ဖို့လာတဲ့ အချိန်က ည ဘက်ကြီးပါလား..."......ဟု ပြောလေ၏။
ထိုအခါ မောင်ဖြူမှ......
" ဟုတ်ကဲ့ဗျ။ ၁၂ နာရီတော့ ၁၂ နာရီပါပဲ..။နေ့ နဲ့ ည မှားပီး လာမိတာတောင်းပန်ပါတယ်..."......ဟုဆို၏။
ပီးနောက် မောင်ဖြူလည်း ထိတ်လန့်စိတ်ဖြင့် အိမ်အပြင်သို့ ထွက်ရန်ပြင်လိုက်၏။
ထိုအခါ လူရွယ်က မောင်ဖြူအား လှမ်းဆွဲ ရင်း......ပြောလိုက်တာက.....
" နေပါဦးဗျ။ အတူတူ ပြန်ကြတာပေါ့.....။ကျုပ်လည်း ရက်မှားလာတာပါ ။တကယ်တော့ ကျနော်က မနက်ဖြန်မှ လာရမှာ " တဲ့....
မောင်ဖြူ မှာ မချောစု ချိန်းထားသည့် အတိုင်း ညဉ့် ၁၂ နာရီခန့်တွင် အသင့် ဖွင့် ထားသောတံခါးမှ အိမ်ထဲကိုလှမ်းဝင်လိုက်သည်။
ထိုအခါ မထင်မှတ်ပဲ လူရွယ်တစ်ယောက် နှင့် ဘွားကနဲ ၀င်တိုးမိ၏။
...
မောင်ဖြူ မှာ ကြောက်လန့်စိတ်ကြောင့် ဒူးတဆတ်ဆတ် တုန်သွားပီး အယောင်ယောင်အမှားမှား နှင့်စိတ်ထဲပေါ်လာသလို....ပြောချ
" ကျွန်..ကျွန်တော်က ရေ ပိုက်ပြင်သမားပါ......."
တဘက်လူမှ အံအား သင့်သွားဟန်နှင့်........
" ဟင် ........ခင်ဗျား ရေ ပိုက်ပြင်ဖို့လာတဲ့ အချိန်က ည ဘက်ကြီးပါလား..."......ဟု ပြောလေ၏။
ထိုအခါ မောင်ဖြူမှ......
" ဟုတ်ကဲ့ဗျ။ ၁၂ နာရီတော့ ၁၂ နာရီပါပဲ..။နေ့ နဲ့ ည မှားပီး လာမိတာတောင်းပန်ပါတယ်..."......
ပီးနောက် မောင်ဖြူလည်း ထိတ်လန့်စိတ်ဖြင့် အိမ်အပြင်သို့ ထွက်ရန်ပြင်လိုက်၏။
ထိုအခါ လူရွယ်က မောင်ဖြူအား လှမ်းဆွဲ ရင်း......ပြောလိုက်တာက.....
" နေပါဦးဗျ။ အတူတူ ပြန်ကြတာပေါ့.....။ကျုပ်လည်း ရက်မှားလာတာပါ ။တကယ်တော့ ကျနော်က မနက်ဖြန်မှ လာရမှာ " တဲ့....
Facebook ..( အူတက်အောင်ရီရသောဟာသများနဲ့အခြား ) မှ ကူးယူတင်ဆက်ပါသည် ။
စိုင်းမြင့်ထွန်း