လွယ်ရင် သူကြွယ်တောင် မနေဘူးဆိုတာ မှန်ပါတယ် ။ Czech President Vaclav Klaus ဆိုတဲ့ သမ္မတ
ကြီးက သတင်းစာရှင်းလင်းပွဲ တစ်ခုမှာ ဘောလ်ပင် တွမ်သွားပုံကို ချက်ရီပတ်ဗလစ် နိုင်ငံက ရုပ်သံတခုက
ထုတ်လွင့်သွားတာပါ။ ချီလီသမ္မတရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်ကတော့ ဒီဘောလ်ပင်ဟာ ဧည့်သမ္မတများ အခမဲ့ ယူဖို့ ထားထားတာပါလို့ ပြောပါတယ်။
သမ္မတ ဆိုတော့လည်း ...............သမ္မတ ပဲပေါ့နော်။မြန်မာနိုင်ငံ က သမ္မတ
နဲ့ များကွာပါ့ကွယ်။ တို့ သမ္မတ အရမ်းသန့် ရှင်းတယ် ။ ဘာမှကို အတိုအလျှိုမလုပ်ဘူးနော်။
(ဧရာဝတီ ဘလော့ မှ )........
လေးစားလျှက်........
Saturday, 28 May 2011
Thursday, 26 May 2011
" ခွေးဖြစ်ချင်တယ် "........
" ခွေးဖြစ်ချင်တယ် "
အပိုင်း(၁)
"ရော့ ရော့ စား စား လုမစားကြနဲ့ မျှမျှတတစားကြကွာ ဒီနေ့လခထုတ်ရက်မို့ မင်းတို့ကိုကျွေးနိုင်ကွ နောက်ပြီးရင် ငါ့ကိုဆုကောင်းကောင်းလည်းပေးဦး
နော်
အလှူဆိုလို့ မင်းတို့ကိုပဲ လာလုပ်နိုင်တာ နဲတဲ့ကုသိုလ်မဟုတ်ဘူးနော် "
"အဟဲ"
ဘေးကပြုံးစေ့စေ့ကြည့်နေတဲ့ ပြောင်းဖူးစေ့ရောင်းတဲ့ကောင်းမလေးကို တချက်ရှက်ရယ်သွေးလိုက်သည်။
အားပါးတရထိုင်နေရင်းမှ ဖြည်းဖြည်းထလိုက်မိရင်း ဖုန်မှုန့်လေးတွေကပ်နေသော တပတ်နွမ်းပုဆိုးကြမ်းကို လှည့်ဝတ်မိ၏။
"ပြန်မှပဲ"
လျော့ရဲရဲကျနေသော လွယ်အိတ်စုတ်ကိုပုခုံးပေါ်ပြန်တင်မိရင်း အိမ်ပြန်လမ်းသို့ခြေဦးလှည့်မိသည်။
အပိုင်း(၂)
"အဖေ ပြန်လာပြီလား"
အိမ်ထဲသို့ ခြေလှမ်းစ၀င်ချိန်မှာ အိမ်ပေါက်ဝမှ သမီးကြီးက နှုတ်ဆက်စကားနှင့်ကြိုနှင့်လေ၏။
ခေါင်းတချက်ငြိမ့်ပြရင်း သမီးကြီးဖယ်ပေးသော လူတယောက်စာအပေါက်ဝမှ အိမ်ထဲဝင်မိသည်နှင့် သမီးကြီး၏စကားသံက နောက်မှကပ်ပါလာလေသည်။
"ခုပဲ ဒေါ်ကြီးတင်လွားတယ် အဖေပြန်မလာသေးတာနဲ့"
အဓိပါယ်ကို ကိုယ့်ဖာသာပဲသိလိုက်သည်။ တလတခါ လာလည်တတ်သည့် အိမ်ရှင်အဒေါ်ကြီးလေ။
"အင်း"
သမီးကြီး မကြားနိုင်ပါ တိုးတိုးလေးရွတ်မိရင်း ပုခုံးထက်မှလွယ်အိတ်ကို ဘုရားခန်းပုပြတ်ပြတ်လေးအောက်တွင် ချိတ်လိုက်သည်။
"ဟော ရှင်ရောက်နေပြီလား" "အခုပဲ"
"အင်း သိတယ်"
ပြောရင်းလွယ်အိတ်စုတ်ကလေးထဲသို့ လက်ငါးချောင်းစလုံးထည့်သွင်းမိသည်။
"ရော့ သွားပေးလိုက်ဦး"
သရေပင်နှင့်သေချာစည်းထားပေမဲ့ ခေတ်နှင့်အညီ ပိုက်ဆံ ခပ်စုတ်စုတ်ပြတ်ပြတ်များက ဟိုတစဒီတစထွက်နေသည့် တိတ်များနှင့်အတူ။
ဇနီးသည်က ခပ်ဖွဖွလေးကိုင်ကာ အိမ်အောက်ဆင်းသွားသည်။
"အဖေ ထမင်းစားတော့မလား"
"အင်း စားတာပေါ့ကွာ ဘာဟင်းချက်လဲ"
မေးသာမေးရသည် အကြည့်က ပြတင်းပေါက်တဖက်စီရောက်သွားတော့ ကန်စွန်းခင်းထိုးထိုးထောင်ထောင်လေးတွေက ရယ်ပြနေသယောင်။
အပိုင်း(၃)
"ဒုန်း ဒုန်း ဒုန်း"
ထမင်းကြမ်းကြမ်းနှင့်ကန်စွန်းရွက်များကို ၀မ်းဗိုက်အတွင်းမှာ နေရာတကျစီနေသော ကိုယ် မှေးကနဲဖြစ်ရာမှ လန့်သွားသယောင်။
"မေကြီးရေ သားဗိုက်ဆာပြီ"
အသံကို ဆက်ကြားရ၏ သားငယ်ဖြစ်သူကျောင်းကပြန်လာမှန်းသိလိုက်သည်။
"ဟာ ဒီဟင်းချည်းပဲလား တားတားစားချင်တော့ဘူး "
"ပုဇွန်ဆိပ်ကလေးတွေပါ ထည့်ချက်ထားတာသားရဲ့"
"အဲဒီ့သေးသေးလေးတွေက အာခေါင်စူးတယ် တိလား"
အဟား တော်တော်ပြောတတ်တဲ့ကောင်...... သားဖြစ်သူနှင့်ဇနီးတို့အခြအနေပြောနေသံက နားထဲဝင်လာနေရင်း ပြုံးလိုသံက်မိသည်။
"မိဝါရေ မိဝါ ဒီကိုလာစမ်း မြန်မြန်"
တဖက်ခြံမှ အသံများက ခပ်စူးစူးနားထဲတိုးဝင်လာနေသည်။
"ဟုတ်ကဲ့ လာပြီမေမေကြီး"
"ညီးအေ ဒီမှာဂျက်ကီကို ထမင်းမကျွေးဘူးလား အချိန်ကိုကြည့်ဦး"
"ကျွေးပါတယ် မေမေကြီးရဲ့ သူက မစားတာ ငါးဟင်းနဲ့မို့လို့လေ"
"ဟဲ့ အမဲသားနဲ့ မကျွေးဘူးလား"
"ကုန်နေလို့မေမေကြီးရဲ့ အဲဒါကြောင့် ငါးကြော်နဲ့ကျွေးထားတာ "
"အိုအေ ကုန်နေရင်ဝယ်ပေါ့ သားလေးပိန်သွာတော့မှာပဲ ရေခဲသေတ္တာထဲမှာ နွားနို့ရှိတယ် ကြိုပြီး ပူစီကိတ်နဲ့ တိုက်လိုက်"
အပိုင်း(၄)
"ဒုန်း ဒုန်း ဒုန်း"
နားထဲသို့ ထပ်ဝင်လာသောခြေသံပြင်ပြင်းနှင့်အတူ အနားသို့အပြေးရောက်လာသောသားငယ်...
"ဖေကြီး ဖေကြီး တားတား ခွေးဖြစ်ချင်တယ်"
"အယ်"
--------------------------------------------------------------------------------------------------------
တပေါင်းသီကိုယ်တိုင် ရေးသားသည့်ကိုယ်ပိုင်ဝတ္တုတိုဖြစ်သည်။
အပိုင်း(၁)
"ရော့ ရော့ စား စား လုမစားကြနဲ့ မျှမျှတတစားကြကွာ ဒီနေ့လခထုတ်ရက်မို့ မင်းတို့ကိုကျွေးနိုင်ကွ နောက်ပြီးရင် ငါ့ကိုဆုကောင်းကောင်းလည်းပေးဦး
အလှူဆိုလို့ မင်းတို့ကိုပဲ လာလုပ်နိုင်တာ နဲတဲ့ကုသိုလ်မဟုတ်ဘူးနော် "
"အဟဲ"
ဘေးကပြုံးစေ့စေ့ကြည့်နေတဲ့ ပြောင်းဖူးစေ့ရောင်းတဲ့ကောင်းမေ
အားပါးတရထိုင်နေရင်းမှ ဖြည်းဖြည်းထလိုက်မိရင်း ဖုန်မှုန့်လေးတွေကပ်နေသော တပတ်နွမ်းပုဆိုးကြမ်းကို လှည့်ဝတ်မိ၏။
"ပြန်မှပဲ"
လျော့ရဲရဲကျနေသော လွယ်အိတ်စုတ်ကိုပုခုံးပေါ်ပြန်
အပိုင်း(၂)
"အဖေ ပြန်လာပြီလား"
အိမ်ထဲသို့ ခြေလှမ်းစ၀င်ချိန်မှာ အိမ်ပေါက်ဝမှ သမီးကြီးက နှုတ်ဆက်စကားနှင့်ကြိုနှင့်လေ၏။
ခေါင်းတချက်ငြိမ့်ပြရင်း သမီးကြီးဖယ်ပေးသော လူတယောက်စာအပေါက်ဝမှ အိမ်ထဲဝင်မိသည်နှင့် သမီးကြီး၏စကားသံက နောက်မှကပ်ပါလာလေသည်။
"ခုပဲ ဒေါ်ကြီးတင်လွားတယ် အဖေပြန်မလာသေးတာနဲ့"
အဓိပါယ်ကို ကိုယ့်ဖာသာပဲသိလိုက်သည်။ တလတခါ လာလည်တတ်သည့် အိမ်ရှင်အဒေါ်ကြီးလေ။
"အင်း"
သမီးကြီး မကြားနိုင်ပါ တိုးတိုးလေးရွတ်မိရင်း ပုခုံးထက်မှလွယ်အိတ်ကို ဘုရားခန်းပုပြတ်ပြတ်လေးအောက်တွ
"ဟော ရှင်ရောက်နေပြီလား" "အခုပဲ"
"အင်း သိတယ်"
ပြောရင်းလွယ်အိတ်စုတ်ကလေးထဲသို့ လက်ငါးချောင်းစလုံးထည့်သွင်းမိ
"ရော့ သွားပေးလိုက်ဦး"
သရေပင်နှင့်သေချာစည်းထားပေမဲ့ ခေတ်နှင့်အညီ ပိုက်ဆံ ခပ်စုတ်စုတ်ပြတ်ပြတ်များက ဟိုတစဒီတစထွက်နေသည့် တိတ်များနှင့်အတူ။
ဇနီးသည်က ခပ်ဖွဖွလေးကိုင်ကာ အိမ်အောက်ဆင်းသွားသည်။
"အဖေ ထမင်းစားတော့မလား"
"အင်း စားတာပေါ့ကွာ ဘာဟင်းချက်လဲ"
မေးသာမေးရသည် အကြည့်က ပြတင်းပေါက်တဖက်စီရောက်သွားတော့
အပိုင်း(၃)
"ဒုန်း ဒုန်း ဒုန်း"
ထမင်းကြမ်းကြမ်းနှင့်ကန်စွန်းရွ
"မေကြီးရေ သားဗိုက်ဆာပြီ"
အသံကို ဆက်ကြားရ၏ သားငယ်ဖြစ်သူကျောင်းကပြန်လာမှန်
"ဟာ ဒီဟင်းချည်းပဲလား တားတားစားချင်တော့ဘူး "
"ပုဇွန်ဆိပ်ကလေးတွေပါ ထည့်ချက်ထားတာသားရဲ့"
"အဲဒီ့သေးသေးလေးတွေက အာခေါင်စူးတယ် တိလား"
အဟား တော်တော်ပြောတတ်တဲ့ကောင်...... သားဖြစ်သူနှင့်ဇနီးတို့အခြအနြေေ
"မိဝါရေ မိဝါ ဒီကိုလာစမ်း မြန်မြန်"
တဖက်ခြံမှ အသံများက ခပ်စူးစူးနားထဲတိုးဝင်လာနေသည်။
"ဟုတ်ကဲ့ လာပြီမေမေကြီး"
"ညီးအေ ဒီမှာဂျက်ကီကို ထမင်းမကျွေးဘူးလား အချိန်ကိုကြည့်ဦး"
"ကျွေးပါတယ် မေမေကြီးရဲ့ သူက မစားတာ ငါးဟင်းနဲ့မို့လို့လေ"
"ဟဲ့ အမဲသားနဲ့ မကျွေးဘူးလား"
"ကုန်နေလို့မေမေကြီးရဲ့ အဲဒါကြောင့် ငါးကြော်နဲ့ကျွေးထားတာ "
"အိုအေ ကုန်နေရင်ဝယ်ပေါ့ သားလေးပိန်သွာတော့မှာပဲ ရေခဲသေတ္တာထဲမှာ နွားနို့ရှိတယ် ကြိုပြီး ပူစီကိတ်နဲ့ တိုက်လိုက်"
အပိုင်း(၄)
"ဒုန်း ဒုန်း ဒုန်း"
နားထဲသို့ ထပ်ဝင်လာသောခြေသံပြင်ပြင်းနှင့်
"ဖေကြီး ဖေကြီး တားတား ခွေးဖြစ်ချင်တယ်"
"အယ်"
------------------------------
တပေါင်းသီကိုယ်တိုင် ရေးသားသည့်ကိုယ်ပိုင်ဝတ္တုတြို
အစ်မ တစ်ယောက်ရေးသော ခံစားမှုကို တင်ဆက်လိုက်ပါသည်။
လေးစားလျှက် ......
Wednesday, 25 May 2011
တရုတ် နိုင်ငံမှ လက်ရာပြောင်မြောက်သော 3D များ
လက်ရာပြောင်မြောက်လွန်းတဲ့ 3D ပုံတွေပါ ။ ရေးဆွဲတဲ့ သူ ကိုတော့ အရမ်းချီးကျူးပါတယ်။
ကျေးဇူးတင်စွာဖြင့် လေးစားလျှက်
( စိုင်းမြင့်ထွန်း).........
ကျေးဇူးတင်စွာဖြင့် လေးစားလျှက်
( စိုင်းမြင့်ထွန်း).........
Saturday, 21 May 2011
အမေရိကား ရောက် မြန်မာနိုင်ငံက လူတွေ........
အနောက်နိုင်ငံ တနိုင်ငံဖြစ်သောအမေရိကားကိုမြန်မာနိုင်ငံအပါအ၀င်တခြားနိုင်ငံတွေကပါ ပြေင်းရွေ့ အခြေ
ချလာသူတွေဟာ မနည်းပါဘူး။ ကျွန်တော် ပို့ စ်ခေါင်းစဉ်မှာ မြန်မာနိုင်ငံသားတွေလို့  မသုံးနှုံးပဲ မြန်မာနိုင်ငံ ကလူတွေ လို့ ကျွန်တော်သုံးနှုံးလိုက်ရတာဟာ ၊ တချို့ သော အမြင်ကျဉ်းသော တိုင်းရင်းသားတွေဟာ မြန်မာနိုင်ငံသား လို့ ပြောတာနဲ့  ၊ ငါတို့ ကို ပြောတာ မဟုတ်ဘူး မြန်မာလူမျိုးတွေကိုပြေတာဆိုပြီး ယူဆ တတ်ကြပါတယ် ။ ထို့ ကြောင့် မြန်မာနိုင်ငံသားတွေ လို့  မသုံးနှုံးပဲ မြန်မာနိုင်ငံက လူတွေ လို့ ရေးလိုက်တာပါ ။ ဒါမှအကုန်လုံး အကျုံးဝင်မှာလေ။
ကျွန်တော် အပါအ၀င် မြန်မာနိုင်ငံကနေထွက်ခွာလာသော လူတွေဟာ အမေရိကားကို ပုံစံအမျိုးမျိုး၊ အကြောင်းအမျိုးမျိုး နဲ့ အခြေချလာရောက်နေထိုင်နေကြရပါတယ်။ အမေရိကား ကိုစရောက်ပြီ ဆိုကတည်းက သူ့ ရဲ့ ဥပဒေ ၊ သူ့ ရဲ့ ယဉ်ကျေးမှု ၊ သူတို့ ရဲ့ စရိုက်တွေနဲ့ လိုက်လျှောညီထွေစွာ နေထိုင်
နိုင်အောင် ကြိုးစားရပါတယ် ။ ရောမ ရောက်ရင် ရောမ လိုကျင့်ရမယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် အကျင့်
မလွန်ဖို့ တော့ သတိထားကြစေချင်ပါတယ်။ နိုင်ငံ ကိုပြောင်းလဲပြီးနေထိုင်လို့ ရပေမယ့် အမျိုးဆိုတာကိုတော့ ပြောင်းလဲလို့ မရဘူးဆိုတာ သတိထားကြစေချင်ပါတယ် ။ ဒီနေရာမှာ အဓိကပြောချင်တာကတော့ အမေရိကား မှာအတုခိုးစရာတွေ အများကြီးပါ ။ အတုယူစရာတွေ ရှိသလို ၊ လိုက်ပြီးမတုပသင့်တာတွေ အများကြီးပါ ။ အမေရိကား မှာ တန်းစီ စနစ်ကိုနေရာအတော်များများ မှာ ကျင့်
သုံးပါတယ်။ ကျွန်တော် တွေ့ ရသလောက်ကတော့ အမေရိကန်နိုင်ငံသားတွေဟာ စည်းကမ်းရှိစွာ တန်းစီ
တာကိုတွေ့ ရပါတယ်။ ကျွန်တော်တို့  မြန်မာနိုင်ငံက လူတွေကတော့ အတင်းတိုး ၊ ကြားဖြတ်ကြပါတယ်။ ကား မှတ်တိုင်တခု မှာ ကျွန်တော် ကြုံတွေ့ ခဲ့ တာ တခုကိုပြောပြပါ့မယ်။ ကျွန်တော်ဟာ မြို့ ထဲ ကိုကိစ္စ
တခု ဖြင့်သွားဖို့  ဘ(စ်)ကားစီး စောင့်ရင်း ကြုံတွေ့ ခဲ့ တာပါ ။ ကားမှတ်တိုင် မှာ လူ အတော် အများများ
စောင့်ဆိုင်းနေကြပါတယ် ။ ဒီအထဲမှာ မြန်မာနိုင်ငံက လူတွေလည်း အပါအ၀င်ပါပဲ ။ ကားရောက်လာတာ
နဲ့ အားလုံးဟာ တန်းစီလိုက်ကြပါတယ်။ အမေရိကားမှာက အမျိုးသမီး ၊ ကလေး ၊ ကလေးမိခင်တွေ ကို
ဦးစားပေးပြီး ကားပေါ်ကိုတက်ခိုင်းကြပါတယ်။ အဲဒီမှာတင် မြန်မာနိုငငံက လူတွေက ကြားဖြတ်ပြီး အတင်းကို လုတက်ကြပါတယ် ။ကျွန်တော် ကိုလည်းတွန်းသွားပါသေးတယ် ။ကျွန်တော် သူတို့ ကို နားမလည်ပါဘူး ။ ဒီနိုင်ငံ ကလူတွေ သူတို့ ကို ဘယ်လိုအကြည့်နဲ့ ကြည့်နေလဲဆိုတာ သူတို့ တွေ မသိကြ
ပါဘူး ။
နောက်ပြီး မြန်မာနိုင်ငံက လာသောလူငယ်တွေ ၊ သူတို့  အချင်းချင်း ပြောနေကြတာက ကိုယ်ကျွမ်း
ကျင်သော မိခင်ဘာသာ စကား ၊ ပြောနေရင်းက ပါးစပ်ထဲက ထွက်ကြလာတာက တဖပ်ဖပ်(fuck ၊ fuck)
တရှစ်ရှစ်( shit၊shit ) ((ရိုင်းသွားရင် ခွင့်လွတ်ပါ)) .နဲ့ ပါ ။ ကျွန်တော် က သူတို့ ကိုကြည့်ရင်းက အရမ်း
ရယ်ချင်ပါတယ်။ ဘေးကလူတွေ သူတို့ ကိုကြည့်နေတာ သူတို့ သတိမထား မိပါဘူး။ ဘေးပတ်ဝန်းကျင် ကို
ဂရုမစိုက်ပဲ တဖပ်ဖပ် ၊ တရှစ်ရှစ် လုပ်နေကြတာပါ။ တော်တော်လေး အရသာတွေ့ နေကြတဲ့ပုံပါပဲ ။ နောက်
အမေရိကားမှာ လူမည်းတွေဟာ အ၀တ်အစားကို ပွပွကြီးတွေ ၀တ်ကြပါတယ် ။ ဘောင်းဘီ ဆိုလည်း ဒီ
လိုပဲဝတ်ကြပါတယ် ။ HIP HOP ပုံစံပါပဲ ။ အမေရိကားမှာ အနွေးထည်ဝတ်ပြီး HIP HOP သီချင်း ဆိုတာ
က အမေရိကားနိုင်ငံက အေးလို့ ပါ။ မြန်မာနိုင်ငံက HIP HOP အဆိုတော်တွေကတော့ နွေခေါင်ခေါင်ကြီး
လည်း အနွေးထည်ကြီး ခေါင်းမြီးခြုံလို့ ပါပဲ ။
အခုအမေရိကားမှာ လူမည်း( ကပ္ပလီ) တွေဘောင်းဘီဝတ်ကြတဲ့ ပုံကတော့၊ ဂျင်းဘောင်းဘီ ကို
ဖင်(တင်ပါး) ((ရိုင်းရင်ခွင့်လွတ်ပါ)) ..တ၀က်ပေါ်အောင် ၀တ်ကြပါတယ်။ အဲဒီ ဂျင်းဘောင်းဘီ ရဲ့  အောက်
မှာ အားကစားဘောင်းဘီ အတိုကိုအောက်ခံ အဖြစ်နဲ့ ဝတ်ထားပါတယ်။ တော်သေးတာပေါ့ မပေါ်လို့ ။ သူတို့  ကိုယ်ခန္ဓာနဲ့  သူတို့ ဝတ်ပုံ၊ ပြောပုံ၊ ဆိုပုံ ကတော့ ဟုတ်နေတာပါပဲ။ ကျွန်တော် မျက်စီထဲမှာတော့
ဝက်ဝံမည်းကြီး ကို ဘောင်းဘီ တ၀က်ပဲပေးဝတ်ထားသလိုပါပဲ ။ မျက်စီထဲ မြင်ယောင်ကြည့်ကြပါ ။အဲဒီမှာ
ကျွန်တော် တို့ ရဲ့ ကိုကာလသား ပေါက်စတွေက လိုက်တုကြတော့တာပဲ ။အမေရိကားမှာက အသက် ၁၈နှစ်
ပြည့်တာနဲ့  လူကြီးဖြစ်ပြီ ၊ ကောင်းတာ ၊ ဆိုးတာ ၀င်မပြောနဲ့ ဆိုတာပါပဲ။ ဒါက သူတို့ ရဲ့  ပုံစံ ပါ။ အဲဒီမှာ
မြန်မာနိုင်ငံက ကိုကာလသားပေါက်စတွေက ကြည့်တော့ ညောင်နာနာ နဲ့  လေတိုက်ရင် လဲတော့မယ့်
ပုံစံနဲ့ ၊ ဒီလူမည်း( ကပ္ပလီ)တွေလို ဂျင်းဘောင်းဘီပွပွ ကို ( ဖင်)တ၀က်ပဲပေါ်အောင် လိုက်ဝတ်ကြတော့
တာပါပဲ။ ကျွန်တော် ဒီလိုရေးလို့  ကိုယ်နိုင်ငံဘက်ကို နှိမ့်ကျတယ် ၊ တခြားနိုင်ငံသားကို အထင်ကြီးတယ်
လို့ မသတ်မှတ်ပါနဲ့ ။ ကျွန်တော် ဟာ ဘယ်နိုင်ငံပဲ ရောက်ရောက် မြန်မာနိုင်ငံသွေး ဆိုတာ အမြဲရှိသူပါ။
အတုမခိုးသင့်တာ အတုခိုးကြတဲ့ ကိုယ်နိုင်ငံသား တွေကိုကြည့်ပြီး မချင့်မရဲ ဖြစ်လို့ ပါ။ အမေရိကား က
လူမည်း(ကပ္ပလီ)တွေ သူတို့ ရဲ့ မိဘတွေ ဆုံးမတာ မဆုံးမတာ၊ အတူနေတာ မနေတာ၊ သူတို့ ရဲ့ အပိုင်း။
မြန်မာနိုင်ငံက ထွက်လာကြတဲ့  ကိုကာလသားပေါက်စတွေကတော့ အမိမြေက ထွက်လာကတည်းက
မိဘ၊ အကို၊အစ်မ၊ အဘိုး၊အဘွား တွေ ပါလာကြတဲ့သူတွေ ရှိသလို ၊မပါလာကြတဲ့ သူတွေလည်းရှိမှာပါ။
ပါလာခဲ့ရင်လည်း ဒီလိုဝတ်ရင်သင့်တော်ပါ့မလား၊ ကိုယ်ပုံစံ နဲ့ အံဝင်ခွင်ကျ ဖြစ်ပါ့မလား၊ ကိုယ်ဒီလို
ဝတ်စားတာရင် ကိုယ်နဲ့ ပက်သတ်တဲ့  အသိုင်းအ၀ိုင်းက ကိုယ့်ကိုတမျိုးမြင်မလားဆိုတာ ဆင်ခြင်သင့်ပါ
တယ်။
ကျွန်တော် နေထိုင်တဲ့ အိမ်ရာမှာ အထပ်သုံးထပ်ရှိပါတယ်။ အပေါ်ဆုံးအထပ်မှာ (ဘယ်လူမျိုး လို့ ထည့်
မရေးတော့ပါဘူး) အဘွားကြီး တစ်ယောက်၊ ကိုကာလသားပေါက်စ နှစ်ယောက် နဲ့  သူတို့ ရဲ့ မိဘတွေ
လည်းရှိကြပါတယ်။ ကိုကာလသားပေါက်စ နှစ်ယောက်ကတော့ သူတို့ ကို သူတို့  ဘာထင်နေလလဲ
မသိပါဘူး။ ခုနက ပြောသလိုဝတ်စားပြီး ၊ တဖပ်ဖပ် ၊တရှစ်ရှစ် လုပ်နေတော့တာပါပဲ။ သူတို့  ဒီလို နေထိုင်
တာ ကျွန်တော်ကို မထိခိုက်ပေမယ့်၊ သူတို့ ရဲ့  မိဘ၊ နိုင်ငံ ၊ လူမျိုးကိုသွယ်ဝှိက်ပြီး ထိခိုက်နိုင်ပါတယ် ။
ကျွန်တော် အံ့သြတာက သူတို့ ရဲ့ မိဘ ၊ အဘွားတွေကလည်း ပြောဆိုတားမြစ်ခြင်းမရှိတာကိုပါ ။
ကျွန်တော် ငယ်ငယ်တုန်းက စိတ်နဲ့ ဆို တုတ်နဲ့ လိုက်ရိုက်မိမှာပါ။ ဟုတ်ပါတယ် ။ ကျွန်တော်
အဖေ က သစ်စက်မှာလုပ်တော့ တုတ်တွေကို ပုံစံအမျိုးမျိုးလုပ်ပြီး အိမ်ကိုယူလာပါတယ်။ ကျွန်တော် က
ည ဆိုတာနဲ့ တုတ်တချောင်းကို အဖေ ၊ အမ မသိအောင် ယူကာ အပြင်ထွက် အုတ်ခုံပေါ်မှာ သူငယ်ချင်း
နှစ်ယောက်နဲ့ အတူထိုင်ကာ ကိုယ့်မျက်စိ နဲ့ အချိုးမကျရင်တော့ အဲဒီတုတ်နဲ့  လိုက်ရိုက်တော့တာပါပဲ။
သက်သက်မဲ့ အကြောင်းမဲ့ လိုက်ရိုက်သလိုမျိုးပါပဲ။ အခုတော့ အကောင်း၊အဆိုးဆိုတာ သိနေပါပြီ ။
လူဆိုတာ မှားမှန်းသိတာ နဲ့  ပြင်နိုင်ရပါမယ်။ ကိုယ်လုပ်တာ မှားမှန်း သိရဲ့ သားနဲ့ အကြောင်းတစ်ခု ကို
ရိုးမယ်ဖွဲ့ ပြီး ဆင်ခြင်ပေးတာဟာ ၀န်မခံရဲ တဲ့ သူလို့ ၊ သတ်မှတ်ရမှာပါပဲ။
ကိုယ်မှာ့ ပြင်သင့်တာကို ပြင်ပြီး ယူသင့်တဲ့ အတု ကိုယူရမှာပါ။ ကွမ်း ကို လူမြင်မကောင်းအောင်
ဝါးပြီး ဟိုနေရာ ဆိုလည်း ဗြစ် ကနဲ ၊ ဒီနေရာ ဆိုလည်း ဗြစ်ကနဲ ထွေးတတ်တဲ့  အကျင့်တွေကြတော့ မပြင်
ကြပဲ ၊ မယူသင်တဲ့ အတုခိုးမှုကြတော့ မြန်ပါ့ဗျာ.. တခါတုန်း ကလည်း အမေရိကား မှာ ဖြစ်သွားပါသေး
တယ်။ ကွမ်း ကိစ္စပါပဲ ။ အွန်လိုင်း မှာ ဟိုးလေးတကျော်ကျော်ပါပဲ ။ ကွမ်းစားပြီး အ၀တ်လျှော်တဲ့  နေရာ
တွေမှာ ကွမ်းတံထွေး တွေထွေးကြလွန်းလို့  ၊ ဆိုင်ပိုင်ရှင်က မြန်မာ မလာရ လို့ ဆိုပြီး စာကပ်လိုက်ရော
တဲ့ ။ ကောင်းရော ..........
ကျွန်တော် ပြောချင်တာက အမေရိကား ကိုလာကြတဲ့  မြန်မာနိုင်ငံကလူတွေ ကို ယူသင့်တဲ့ အမူအကျင့်တွေ ကို ယူပြီး ၊မယူသင်တဲ့ အမူအကျင့်တွေတော့ ယူမှာစိုးလို့ ပါ ။ မြန်မာနိုင်ငံ က ထွက်ခွာ
လာသူအားလုံးဟာ အမေရိကားကို ရောက်တာနဲ့  ဘ၀င်စိတ်ကြီးဝင်သွားပြီ ၊ မာန်၊ မာန တွေ တက်ကုန်
ကြပါတော့တယ်။ သူတို့ က အရင်တုန်းက ဘယ်လိုပုံစံနဲ့  နေခဲ့ရသလဲ၊ စားခဲ့ရသလဲဆိုတာတွေ ကိုမေ့
ကုန်ကြပြီး ၊ အမေရိကားရောက်မှ ဘ၀တွေ မေ့ကုန်ကြပါတယ် ။ ဒီအထဲမှာ အကုန်လုံးတော့ မပါပါဘူး
တချို့ တ၀က်ပါပဲ ။ ဒါကြောင့် မိမိ ဘယ်လိုပုံစံနဲ့  လာကြသလဲဆိုတာ မမေ့ချင်ပါနဲ့  လို့ သတိလေးပေး
လိုက်ချင်ပါတယ် ။
လေးစားလျှက်......( saitony)........
ကိုယ့် နိုင်ငံသားတွေ အတွက် တစုံတခု မှတ်ချက်လေး ရေးခဲ့မယ်လို့  ယုံကြည်ပါတယ် ။

Thursday, 19 May 2011
ကာတွန်းဆရာ အော်ပီကျယ် ရဲ့  မဆိုမမိန့် ဆိုတဲ့ လက်ရာလေးတွေ....( ၂ ) ပုံပေါ်ကို ကလစ်ပါ။
...အားပေးနေတယ်ဆို တစ်ခုခုလောက် ရေးပေးခဲ့ပါလား ။ ဘာပဲဖြစ်ဖြစ်ပါ အမှတ်တရပေါ့..
ကျေးဇူးတင်လျှက်နော်........
Sunday, 15 May 2011
ကာတွန်းဆရာ အော်ပီကျယ် ရဲ့  မဆိုမမိန့် ဆိုတဲ့ လက်ရာလေးတွေ....
ပုံကို ကလစ်ပြီးကြည့်နော်......
ကြိုက်တယ်ဆို ဆက်တင်မယ်လေ ကျန်သေးတယ် နည်းနည်း.......ရေ တော့တိုက်သွားနော် ။
ဘော်ဘော် တွေကို လက်တို့ ပေးနော်........
ခင်မင်စွာဖြင့် လေးစားလျှက်..........................။ ။ ။
Saturday, 14 May 2011
..........မညီမျှတဲ့ လောကကြီးလို့  ပြောရတော့မှလား.........
Wednesday, 11 May 2011
Tuesday, 10 May 2011
myanmar community church မှ အမေများနေ့ 
အမေရိကန်နိုင်ငံ ၊ကိုလိုရာဒို ပြည်နယ်ရှိ myanmar community church မှ အမေများနေ့ တွင် ၀တ်ပြု ကိုးကွယ်ဆုတောင်းပြီး အသင်းသူ၊ အသင်းသား များအားလုံး ပျော်ရွင်စွာဖြင့် အတူတကွ စားသောက်
ကြစဉ်.......
လူ့  ယဉ်ကျေးမှု
သြော်..ထိတွေ့ ဆက်ဆံခဲ့ရသော လူ တွေ....
ယဉ်ကျေးမှုတွေ ကိုယ်စီနဲ့ ပါလား
တစ်ယောက် ကို တမျိုး မရိုးနိုင်တဲ့ ကကွက်တွေနဲ့ 
လျှေက်လှမ်းနေကြတယ်
ခရီးဆုံးကတော့..........?
မသိချင်ယောင်ဆောင်နေတာလား ၊ ဒါမှမဟုတ် ..
တမင်မေ့ထားတာလား
အချိန်တန်တော့ လက်ပြခဲ့ရမှာပါ ။
ဟိုဘက်ရဲ့  တခြမ်းမှာ ဘာတွေရှိသလဲ...မင်း သိချင်သလား
မင်း ရဲ့  ယဉ်ကျေးမှုကို ပြန်သုံးသပ်ကြည့်လိုက်...
ဒါဆိုရင် တွေ့ ရလိမ့်မယ် မင်းရဲ့  အရိပ်
စိတ်ပူမနေစမ်းပါနဲ့  .... အပေးအယူ ရှိခဲ့တဲ့ ကကွက်ကြားမှာ
ဖန်တီးခဲ့တဲ့ ပုံရိပ်(ယဉ်ကျေးမှု)တွေက
ထိုက်တန်သော တစ်စုံတစ်ခုတော့ ပြန်ရမှာပါ......................။
လေးစားလျှက် ( စိုင်းမြင့်ထွန်း)..
Monday, 9 May 2011
ကျေးဇူးအထူးတင်ရှိစွာဖြင့် မှတ်တမ်းတင်အပ်ခြင်း
ကျွန်တော် အနေနဲ့ အမှတ်တရလေးဖြစ်အောင်ရယ် ၊ ၀ါသနာအရ ရယ် ဘလော့ဆိုဒ်လေးတစ်ခုလောက် လုပ်ချင်မိတာ အရင်ကတည်းကပါ။သို့ သော် အကောင်အထည်မဖော်နိုင်ခဲ့ ပါဘူး။ ကျွန်တော်ဟာ ကွန်ပျူတာ
ပိုင်းဆိုင်ရာနည်းပညာ အားနည်းမှု ၊ မအားလပ်မှုတို့ ကြောင့် ဆန္ဒရှိသော်လည်း မလုပ်နိုင်ခဲ့ ပါ ။
ကျွန်တော် ဒီလိုဘလော့ဆိုဒ် တစ်ခုလုပ်ခြင်ကြောင်းကို အွန်လိုင်းပေါ်မှာ ခင်မင်ရင်နှီးခဲ့ 
jasmine (http://jasminesweet.blogspot.com/) ဆိုတဲ့ ညီမငယ်ကိုပြောမိရာ သူမ၏ ကူညီမှုကြောင့် ဒီဆိုဒ်လေးကို ရခဲ့တာပါ ။ ဒီဆိုဒ်လေးဖွင့်လို့ ရအောင် ညီမငယ် jasmine ကပဲ အကောက်ဖွင့်ပေးခဲ့ တာပါ။ထို
ကြောင့် ကျွန်တော် အနေနဲ့ ညီမငယ် jasmine ကို ကျေးဇူးအထူးတင်ရှိစွာဖြင့် မှတ်တမ်းတင်အပ်ပါသည်။
ဤဆိုဒ်လေးနှင့် ပက်သက်၍ ၀ိုင်းဝန်း ကူညီအကြံဥာဏ်ပေးကြပါရန် ပန်ကြားအပ်ပါ
သည် ခင်ဗျာ.........
လေးစားလျှက် ( စိုင်းမြင့်ထွန်း )

Sunday, 8 May 2011
Subscribe to:
Posts (Atom)