Monday 9 May 2011

ကျေးဇူးအထူးတင်ရှိစွာဖြင့် မှတ်တမ်းတင်အပ်ခြင်း

ကျွန်တော် အနေနဲ့ အမှတ်တရလေးဖြစ်အောင်ရယ် ၊ ၀ါသနာအရ ရယ် ဘလော့ဆိုဒ်လေးတစ်ခုလောက် လုပ်ချင်မိတာ အရင်ကတည်းကပါ။သို့ သော် အကောင်အထည်မဖော်နိုင်ခဲ့ ပါဘူး။ ကျွန်တော်ဟာ ကွန်ပျူတာ
ပိုင်းဆိုင်ရာနည်းပညာ အားနည်းမှု ၊ မအားလပ်မှုတို့ ကြောင့် ဆန္ဒရှိသော်လည်း မလုပ်နိုင်ခဲ့ ပါ ။ 
                              ကျွန်တော် ဒီလိုဘလော့ဆိုဒ် တစ်ခုလုပ်ခြင်ကြောင်းကို အွန်လိုင်းပေါ်မှာ ခင်မင်ရင်နှီးခဲ့ 
 jasmine (http://jasminesweet.blogspot.com/) ဆိုတဲ့ ညီမငယ်ကိုပြောမိရာ သူမ၏ ကူညီမှုကြောင့် ဒီဆိုဒ်လေးကို ရခဲ့တာပါ ။ ဒီဆိုဒ်လေးဖွင့်လို့ ရအောင် ညီမငယ် jasmine ကပဲ အကောက်ဖွင့်ပေးခဲ့ တာပါ။ထို
ကြောင့် ကျွန်တော် အနေနဲ့ ညီမငယ် jasmine ကို ကျေးဇူးအထူးတင်ရှိစွာဖြင့် မှတ်တမ်းတင်အပ်ပါသည်။
                         ဤဆိုဒ်လေးနှင့် ပက်သက်၍ ၀ိုင်းဝန်း ကူညီအကြံဥာဏ်ပေးကြပါရန် ပန်ကြားအပ်ပါ
 သည် ခင်ဗျာ.........
                                       လေးစားလျှက် ( စိုင်းမြင့်ထွန်း )

1 comment:

  1. ကိုစိုင်းရေ
    ကျေးဇူးတင်ကြောင်းမှတ်တမ်းတင်ရလောက်အောင်
    ကျွန်မ ဘာပညာမှ မပြည့်ဝပါဘူး
    ကျွန်မကိုလဲအားလုံးက ကူညီကြတာပါပဲ..

    ReplyDelete

တစုံတခုတော့ ထားခဲ့ကြပါနော်...