Tuesday 26 July 2011

ရေခြား မြေခြား အလွမ်း.......

ညီမ( jasmine) ရေးပေးတဲ့ ကဗျာလေး တစ်ပုဒ်ပါ ။ ခံစားလို့ အရမ်းကောင်းတယ် ။ ကျွန်တော် နဲ့ တော့
ကွက်တိပဲ ။ ဖတ်ကြည့်ကြနော် ။ ဝေဖန်မှုလေးလည်း ပေးကြနော် .........


                      ရေခြား မြေခြား အလွမ်း

                         

တောင်ပေါ်က ရှမ်းလေး ရမ်းသန်းရောက်လာ
တိုင်းတပါးမှာ
သာသာ ယာယာထင်ပြီး စိတ်ကူးနဲ့ရူးခဲ့ရ။

ဘီယာ ၀ီစကီ စုံလင်သော်လည်း
တစ်ခါက ငယ်ဘ၀တွေ
ဆေးပေါ့လိပ်နဲ့ ပြောင်ဖူးအရက်
တိတ်တိတ် ခိုးသောက် ရွာစဉ်တစ်လျှောက်
ရောက်ခဲ့တာတွေ.......
အတွေးတွေနဲ့ ရွာကိုပြန်ရောက်.....
တစ်ခေါက် တစ်ခါ
ခုတော့ မလွမ်းသာပြီ။

သူ့အရပ်နဲ့ သူ့ဇာတ်
ဘာဂါနဲ့ ပီဇာ
သွားလေရာရှိလဲ
အမေ့လက်ရာ ထမင်းဝိုင်း
ငါးပိရည် တို့စရာ
ရှမ်းပဲပုတ် ငြုပ်သီး မုံညင်းချဉ်
တစ်ကယ် အဟုတ် သတိရတာအမှန်ပါ။

ဘ၀တွေ ရှင်သန်ဖို့အရေး
အတွေးပင်လယ်နဲ့
ကမ်းမမြင် လမ်းမသိပေမယ့်
လောလောဆယ်မှာတော့
အလွမ်းတွေ ပိနေမိပါပြီ။

၁၂ လရာသီ အကုန်လုံး
အဆုံးမှာတော့
အေးစက်စက်ဖြတ်သန်းရင်း
စက်ရုပ်ဆန်တဲ့ လူသား
ငါအပါအ၀င် အားလုံး
အပြုံးစစ်စစ် ရှာမရခဲ့ဘူး။

ရာသီတွေ ဘရိတ်မရှိဘူး
တရွေ့ပြီး တရွေ့နဲ့အလွမ်းတွေ အငွေ့ဖြစ်ရင်အကောင်းသား။
မျက်နှာမှာ အမြဲပြုံး
နှလုံးသားက အရှံး
ကိုယ့်ဟာကိုယ်လဲ မုန်းမိပါရဲ့။

အတွေးထဲက အနာဂါတ်
အိပ်ကပ်ထဲ ထဲ့ပြီး
ဆောင်းမှန်းမသိ မိုးမှန်းမသိ
သနားစရာ ကောင်းတဲ့မြို့မှာ
ရင်ဘတ်ထဲ ဟောင်းလောင်း

ပတ်ဝန်းကျင်ကတော့ အကောင်းတွေချည်း။

အဆုံးမတော့ ဘယ်သူကိုမုန်းရမလဲ
ဦးနှောက်ထဲ ရောက်ရောက်လာတာ
အမှာစာမပါတဲ့ ဒေါ်လာသံလား
စမ်းတ၀ါးဝါး အတွေးတွေကို
မေ့ချင်သော်လဲ ငါတစ်ယောက်တည်း
တားမရတဲ့ လောဘသက်သေ
ဘ၀တွေခါးခဲ့ရလေ။

အိပ်လဲမပေါက်ပါဘူး
ဒါပေမယ့် ဖားတော့ မပါခဲ့ပါ။

                                                စိုင်းမြင့်ထွန်း

No comments:

Post a Comment

တစုံတခုတော့ ထားခဲ့ကြပါနော်...