Tuesday 20 September 2011
စိုင်းထီးဆိုင် နှင့် အမေရိကန် HIP HOP...
 ကျွန်တော် အရင်ကအမေရိကားရောက်မြန်မာနိုင်ငံ လူတွေ ဆိုပြီး ပိုစ့်တစ်ခု တင်ခဲ့ပါတယ်။ အခုတော့ အမေရိကားမှာ ကျွန်တော် ကားမောင်းရင်း ကြုံတွေ့ ခဲ့ရပုံလေးကို ရေးတတ်သလို ရေးသွားပါ့မယ် ။
ဒီကား ၀ယ်ပြီး သိပ်မကြာခင်မှာပဲ COLORADO မှာ ကားမောင်းလိုင်စင်တွေ ပြန်သိမ်းတော့တာပါပဲ ။ တရား
မ၀င် ပိုက်ဆံပေးပြီး လုပ်ထားတဲ့ ကားမောင်းလိုင်စင် မှန်သမျှ စာတိုက်ကနေ စာပို့ ပြီးပြန်လာအပ်ခိုင်းတာ
ပါ ။ ကျွန်တော် ဆီလည်း စာရောက်လာတော့ ပြန်သွားအပ်ရတာပေါ့ ။ ကားမောင်းလိုင်စင် ပြန်ဖြေနေရတဲ့ 
အချိန်မှာ ၀ယ်ထားတဲ့ ကားကို ဒီအတိုင်းထိုးထားရပါတယ် ။ကား ရှိပြီး ဈေးဝယ်ထွက်ရင်တော် ဘတ်စ်ကား
ပြန်စီးနေရတဲ့ အဖြစ်နော် ။ လိုက်ချင်အုံးဟဲ့ အလွယ်လမ်း ။နောက်ကျရင် ဒီကားမောင်းလိုင်စင် ကိစ္စရေးအုံး
မှာ ။ လိုင်စင် မရှိတဲ့ အချိန်မှာ ကားကို ပြတင်းပေါက်က လှမ်းကြည့်ပြီး ကြည့်သာကြည့် မမောင်းရတဲ့ ဘဝ
ပါလားနော်လို့  တွေးမိခဲ့၇ပါသေးတယ် ။ ဟုတ်တယ်လေ ကား ၀ယ်ပြီး နှစ်လ လောက်ပဲရှိသေးတယ် လိုင်စင် ပြန်အပ်လိုက်ရတာဆိုတော့ စဉ်းစားသာကြည့်ပေတော့ ။
                   အသိတော့ တစ်ခုရသွားပါတယ် ၊ အမေရိကား ကို လာမည့်သူတွေ အားလုံးလည်း မှတ်ထားကြပါ ။ အမေရိကား မှာရှိနေစဉ်အတွင်းတော့ အစိုးရ နဲ့  ဆက်ဆံ၇မည့် ကိစ္စ ၊ ရုံး တွေနဲ့ ဆက်ဆံ
ရမည့် ကိစ္စ မှန်သမျှ ပိုက်ဆံပေးလုပ်လို့ ရတယ်လို့  ပြောလာလို့ ရှိရင် လုံးဝ မလုပ်ပါနဲ့ တော့ ။ တချိန် မဟုတ် တချိန် ပြန်ပေါ်လာပါလိမ့်မယ် ။ ပြန်ပေါ်လာတဲ့ အချိန်ဆို ပိုပြီး စိတ်ညစ်ရသလို ပိုက်ဆံလည်း ပိုကုန်သလို ကိုယ်ရဲ့ သမိုင်းကြောင်းပါ မကောင်းဘူးဖြစ်သွားပါလိမ့်မယ် ။ မြန်မာနိုင်ငံလိုမျိုး ပိုက်ဆံ လုံးဝ
ပေးလို့  မရပါဘူး ။ ဒါက ကျွန်တော် အသိပေးတာပါ ။ ကားမောင်းလိုင်စင် ပြန်ဖြေပြီး လိုင်စင်ပြန်ရတော့ အ
တိုးချပြီး မောင်းတော့တာပါပဲ ။ ကျွန်တော် ကလည်း ကား အနိမ့်ထက် အမြင့် ကို ပိုကြိုက်ပါတယ် ။ ဈေး ထဲ
က ကန်းစွန်းရွက်ရောင်းတဲ့ လူ နာမည် အမြင့် ကိုပြောတာမဟုတ်ဘူးနော် ။ တော်ကြာ မှားကုန်မယ်။ ကား
အနိမ့် အမြင့်ဆိုတာကလည်း BODY ကိုပြောတာပါ ။ တော်ကြာ ဒီပိုစ့် ရေးတဲ့ကောင် တော်တော်ကြွားတယ်
လို့ ထင်မှာစိုးလို့ ပါ ။ ဒါကြောင့် အရင်က ကား အနီလေးကိုပြန်ရောင်းပြီး 2004 မော်ဒယ် ဒီကား ကိုပြန်ဝယ်
စီးတာပါ ။
ဒီကား ကိုဝယ်ပြီး နေ့ တိုင်း ကျွန်တော်ရဲ့ မဟေသီ နန်းနန်း ကိုညနေဆို အမြဲတမ်း သူ့ အလုပ်ဆီကို သွား
ကြိုပါတယ် ။ သွားကြိုမှ ...မဟေသီက ကျွန်တော် ဒီကား ၀ယ်တာသိပ်အမြင်ကြည်တာ မဟုတ်ဘူး ။ ဒါကြောင့် အမြင်တွေကြည်လင်သွားအောင် နေ့ တိုင်းသွားကြိုပေးနေရတယ် ။ တနေ့ တော့ မဟေသီ ဆီအ
သွား မီးပွိုင့်တစ်ခုအရောက်မှာ ရပ်နေပ်တယ်။ အဲဒီအချိန်မှာ ကျွန်တော်ဟာ စိုင်းထီးဆိုင် သီချင်းလေးကို ညဉ်းနေပါတယ် ။ ကား မှန်ကိုလည်း မောင်းတဲ့ဘက်ခြမ်း ကိုထွင့်ထားပါတယ်။ ခဏ္ဏကြာတော့ ကျွန်တော်
              ဒီပွိုင့် ဟာ သာမန်အချိန်ဆိုလည်းကြာတတ်ပါတယ် ။ ညနေ အလုပ်ပြန်တဲ့ အချိန်ဆိုတော့ ပိုကြာပါတယ် ။ ကိုအမည်းတွေက သူတို့ ရဲ့  HIP HOP ကို ဘေးက ကားတွေမှ အားမနာ အကျယ်ကြီး ဖွင့်
ကာလိုက်အော်ဆိုနေပါတယ် ။ အမေရိကားမှာ အားနာတဲ့ စနစ်မရှိပါဘူး ။ အမေရိကား ရောက်လာကြရင်
အားမနာကြပါ နဲ့  ကြိုက်ရင် ကြိုက်တယ် ၊ မကြိုက်ရင် မကြိုက်ဘူး ဗြောက်ပြောပါ ။ အမေရိကား မှာ အားနာရင် ကိုယ်ရဲ့ အခွင့်အရေး ဆုံးရှုံးပါလိမ့်မယ် ။ ဒါကြောင့်လည်း ဒီကောင်တွေ အားမနာ စွာဖြင့် အကျယ်ကြီး ဖွင့်နေတာပါ ။ ကျွန်တော် တို့  မြန်မာရွှေတွေကသာ အားမနာရန်ကောဟုဆိုတာတွေးမိကြတာ
ပါ ။ ကျွန်တော် လိုက်ဆိုနေတဲ့ စိုင်းထီးဆိုင် သီချင်းလေးတောင် ဒီကောင်တွေ ဖွင့်နေတာနဲ့  ဘယ်ရောက်
သွားမှန်း မသိတော့ပါဘူး ။ ကိုအမည်းတွေက ကျွန်တော် ကိုကြည့်ပြီး သီချင်းဆိုနေမှန်း သိလို့  တမင်သက်
သက် အကျယ်ကြီးဖွင့်ပြနေတာပါ။
          ဟဲ..ဟဲ.. မြန်မာနိုင်ငံက လာတဲ့သူကို ဒီလိုလုပ်လို့ ရမှာလား ။ သူတို့  HIP HOP လောက်တော့ ပျင်း
သေး။ ကျွန်တော် လည်း ကားမှန်တွေ အကုန်ချ ၊ ကား CD PLAYER ကို ခဏ္ဏပိတ်၊ နောက်ပြီး စိုင်းထီးဆိုင် ရဲ့ " ချစ်တဲ့ ရှမ်း ရိုးမ " ဆိုတဲ့ သီချင်းကို အစပြန်ဖွင့် လို့ ရအောင် အဆင့်သင့်လုပ်ထားပါတယ် ။ ဒီအချိန်မှာ ပွိုင့်က စိမ်းလို့  ကားတွေ တဖြည်းဖြည်းခြင်း ဘီးလှိမ့်ကာ သွားနေတဲ့ အချိန်လည်းရောက်ရော
အဲဒီတော့မှ ကျွန်တော် စိုင်းထီးဆိုင် ရဲ့ ' ချစ်တဲ့ ရှမ်း ရိုးမ " သီချင်းကို VOLUME အကုန်ဖွင့်ပေးလိုက်ပါ
တယ်။ ပထမတော့ အမည်းကောင်တွေ ကြောင်သွားပါတယ် ။ သူတို့ ထင်တာ HIP HOP လို့ ထင်တာကိုး။
နောက်တော့ တခါမှ မကြားဖူးတဲ့ တဒေါင်ဒေါင် နဲ့ အသံအကျယ်ကြီးထွက်လာတော့ ကျွန်တော် ကိုကြည့်
ပြီး ခေါင်းခါ သွားပါတယ် ။ ကျွန်တော် ရဲ့ ကား အသံက သူတို့ ကားထက်ပိုကျယ်တော့ သူတို့ လည်း သူ
အရမ်း ရယ်ချင်ပါတယ် ။ ကျွန်တော် ရဲ့ စိတ်ထဲမှာတော့ စိုင်းထီးဆိုင် က အမေရိကန် HIP HOP ကို အနိုင်
                                       လေးစားလျှက် ( စိုင်းမြင့်ထွန်း )....
No comments:
Post a Comment
တစုံတခုတော့ ထားခဲ့ကြပါနော်...