မပြောမပြီး မတီးမမြည် ဆိုသလိုပါပဲ ( ဆရာကြီး လေသံဖြင့် ) ပြောရအုံးမယ် ။ ဒီနေ့ ခေတ်မှာ လူတွေဟာ အသိတရားတွေ ပျောက်ပြီး ၊ ဘာသာတရားတွေ ၊ လေးစားစရာတွေ အားလုံးကို ကျောခိုင်းလိုက်ပြီနဲ့  တူတယ် ။ တချို့ ဆို မိမိတို့ ရဲ့  အကျိုး စီးပွားအတွက် တခြားလူတွေ အထွတ်အမြတ်ထားရာ ၊ ကိုးကွယ်ရာ
တွေကို ကိုယ်ရဲ့  ကိုယ်ကျိုးအတွက်ပဲကြည့်ပြီး လုပ်တာတော့ မကောင်းဘူးပေါ့ဗျာ ။ လူတွေဟာ တစ်နပ်စာ
ပဲကြည့်ကြတော့တယ် ။ ဒီတစ်ဘ၀စာလေး အတွက်ပဲ လုပ်ရဲတဲ့ သူတွေကိုတော့ ရင်လေးမိတယ်ဗျာ ။
အခုလည်း အွန်လိုင်း မှာ ပျံ့ နှံ့  နေတဲ့သတင်းကို ကြည့်ခြင်းဖြင့် ဒီလိုလူစားတွေ ရှိပါ
သေးလားဆိုပြီး ဘုရားတမိတယ်ဗျာ ။ အေးပေါ့လေ လုပ်ရဲရင် ခံရဲရမှာပေါ့ ။ အဲဒီ သတင်းတပုဒ်ကတော့
အမေရိကား နိုင်ငံ အခြေစိုက် ICON ကုမ္ပဏီ ကနေပြီး ဗုဒ္ဓ ပုံတွေ ၊ သခင် ယေရှု ပုံတွေကို ဖိနပ်ပေါ်မှာ ပုံ
ရိုက်ပြီး ဖြန့် ချိနေပါတယ်တဲ့လေ ။ ကြားကြား ခြင်း တကယ်ပဲ ဘုရားတမိပြီး သူတို့  WEBSITE ကို ၀င်ကြည့်တော့ တကယ်ပါပဲ လုပ်ထားတာကိုတွေ့ ရပါတယ် ။ အဲဒီတော့ ကျွန်တော် ဒီ ICON ကုမ္ပဏီ ကို
ကျွန်တော် ဘလော့ကနေပြီး အပြင်းအထန်ရှုတ်ချပါတယ် ။ ဒီ ကုမ္ပဏီဟာ ဘာသာရေးမှာ အထွတ်အမြတ်
ထားတဲ့ ပုဂ္ဂိုလ်တွေရဲ့  ပုံကို ပြုလုပ်ခြင်းအပေါ် ၀ိုင်းဝန်းကန့် ကွက်ကြပါလို့  တိုက်တွန်းချင်ပါတယ် ။
ဒီ ကုမ္ပဏီ က စော်ကားထားသော ပုံတွေကိုကြည့်ပါအုံး...........
ဒါကတော့ ဒီကုမ္ပဏီရဲ့  လိပ်စာပါ ..http://www.iconshoes.com/
http://www.facebook.com/iconshoesandhandbags
အမေရိကား မှာ ဘာသာမဲ့ ဆိုတဲ့ လူတွေ တော်တော်များများ ရှိပါတယ် ။ ဒီ ICON ကုမ္ပဏီပိုင်ရှင်အနေနဲ့  လည်း ဘာသာမဲ့ ဆိုရင်လည်း သူတပါး ကိုးကွယ်တဲ့ ၊ အထွတ်အမြတ်ထားတာတွေ ကို ဒီလို မလုပ်သင့်ပါဘူး ။ ကြည့်ရတာ ဒီ ICON ကုမ္ပဏီပိုင်ရှင်ဟာ တစုံတရာ ချို့ ယွင်းနေပုံရပါတယ် ။ အသိတရား ရှိတဲ့သူဟာ
ဒီလိုလုပ်ရပ်မျိုး လုပ်မှာ မဟုတ်ပါဘူး ။ ဒီလုပ်ရပ်ဟာ လူတိုင်းကို စော်ကားတဲ့  လုပ်ရပ်တစ်ခုလို့  ကျွန်တော်
မြင်ပါတယ် ။ ဒါကတော့ ကျွန်တော် အမြင်ပါ ။ ဒါကြောင့် ဒီ ICON ကုမ္ပဏီ ကို ဒီဘလော့ က အပြင်းအထန်
ရှုတ်ချ ဆန့် ကျင်ပါတယ် ။
( နန်းကြာဦး )
http://saimyinttun.blogspot.com
သူတို့တွေရူးများနေသလားပဲ
ReplyDeleteလူကြီးလူငယ်အားလုံးသိကြပါတယ် မလုပ်သင့်ဘူးဆိုတာလေ
ကျွန်တော့်ရဲ့ Facebook မှာစတွေ့တုန်းက...ပထမတော့..ဒါဟာရိုဟင်ဂျာတွေ၊ဘာသာခြားတွေရဲ့ သွေးထိုးလှုံ့ဆော်မှု၊ လှည့်ကွက်တွေလို့ထင်ထားတာ......အဲဒီဖိနပ်ဆိုက် ကိုရောက်မှပဲ..မယုံနိုင်စရာကောင်းလောက်အောင်ကို.တကယ်ပဲ...ဒီဇိုင်းဆွဲဖန်တီးထားမှန်းသိခဲ့ရတယ်။ မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာများဟာ..ဗုဒ္ဓရဲ့ တရားတော်ဆိုဆုံးမတွေကြောင့်..အခြားဘာသာများကို.ဝေဖန်ပုတ်ခတ်မှု၊ စော်ကားမှုတွေမလုပ်ခဲ့ကြပါဘူး။ ကိုယ်ပြုသည့်ကံ ပဲ့တင်သံ..ကိုယ့်ထံပြန်လာမှာပါပဲဗျာ..........
ReplyDeleteအင်း.... နှာဖား မရှိကြဘူးနော်....
ReplyDelete