Friday 1 March 2013
မျှော်လင့်ချက်....
 ဌက် တွေတောင် အချိန်တန်ရင် ကိုယ့်အသိုက်
ကိုယ်ပြန်ကြသတဲ့...
ငါ တို့ ရဲ့ အသိုက်ကိုပြန်ချိန်ဟာ ဘယ်တော့များလဲ..
လမ်းဆုံးရင် ရွာတွေ့ တဲ့....ငါ လျှောက်နေတဲ့ လမ်းဟာ
မိုးရွာတုန်း ရေခံတဲ့ ငါ မှာတော့ အအေးတောင် ပက်တော့မယ်..
ငါ ရေခံတဲ့ ခွက် ပေါက်နေလို့ လား........  ။     ။
                                                   ( စိုင်းမြင့်ထွန်း )
3 comments:
  1. မိုးရွာတုန်း ရေခံတဲ့ ငါ မှာတော့ အအေးတောင် ပက်တော့မယ်..
    ငါ ရေခံတဲ့ ခွက် ပေါက်နေလို့ လား........ ။ ။
    ( ကောင်းလိုက်တဲ့ စာသား .. ထပ်တူထပ်မျှ ခံစားသွားပါတယ်။ )
    ပြန်ချိန်လည်း ဆုံးဖြတ် ခိုင်မာစေ
    ရာသီလည်း တွက်ချက် မှန်ကန်စေ
    စိတ်တူရာ ခိုဝင် ပြည့်စုံချိန် ပြန်ခဲ့မယ်တဲ့
    ငယ်ရွယ်စဉ် ရှာဖွေ စွန့်ခဲ့ပြီ
    မိုးဦးရေဆန် မိုးဦးရေဆန်
    ဆယ်လ်မွန် ငါးတို့ အပြန် ၊ ဆယ်လ်မွန် ငါးတို့ အပြန်
    အပြန် အပြန် အပြန်
    ဆယ်လ်မွန်ငါးတို့ အပြန်
    ReplyDelete
  2. တနေ့နေ့ပေါ့ကိုစိုင်းရေ
    အားတင်းထား
    ReplyDelete
  3. ခြေထောက်ကောင်းမှကြာကြာလျှောက်နိုင်သလို၊ ကြာကြာလျှောက်ခွင့်ရှိတာ... လျှောက်နိုင်တဲ့အတွက် ဝမ်းသာကြည်နူးချီးမွမ်းကြည့်လိုက်... :)
    စပျစ်ရည်အသစ်ကိုဗူးအသစ်မှာသာထည့်လို့ ရပြီး အဟောင်းမှာထည့်ရင်ပေါက်သွားတက်တယ်တဲ့... ဗူးအသစ်လေးနဲ့ပြောင်းခံကြည့်.... :)
    ReplyDelete
တစုံတခုတော့ ထားခဲ့ကြပါနော်...