Friday 31 October 2014

တစ်ပါးတည်းသော ကားတိုင်ပေါ်၌အသေခံခဲ့သော ရှင်ဘုရင်( ၁ )

ရှင်ယောဟန် ၁၉း၁-၁၈
 ထိုအခါပိလတ်မင်းသည် ယေရှုကိုယူ၍ ရိုက်ပြီးမှ၊ .......................................................................
........................................................ထိုသူနှစ်ယောက်အလယ်မှာ ယေရှုသည် နေရာ ကျသတည်း။

ယနေ့ တွင် လူသားစုတရပ်လာံးအတွက်( အပြစ်သားတွေအတွက်)၊ အသေခ့ခဲ့သောလူ၊ ကားတိုင်ပေါ်တွင် ရှင်ဘုရင်ဟူသော အမှတ်အသားဖြင့် အသေခံခဲ့သောသူကို ပြပါဆိုလျှင်၊ သခင်ယေရှုကို ပြသရမည်ဖြစ်ပါ
သည်။ ကားတိုင်ပေါ်တွင် ယုဒတို့ ၏ ရှင်ဘူရင်ဟူသော အမည်ဖြင့် အသေခံခဲ့သော သခင်ယေရှုသည် ယုဒလူမျိုးတွေ အတွက်သာမဟုတ် လူသားများအားလုံး၏ ရှင်ဘုရင်ဖြစ်ပါသည်။ ရှင်ဘုရင်ဟုဆိုရာဝယ်၊ ကမ္ဘာမြေကြီးပေါ်က နိုင်ငံအသီးသီးကို အုပ်ချုပ်မင်းလုပ်နေသော ရှင်ဘုရင်ကို ပြေးမြင်မိကြပါသည်။ ကမ္ဘာမြေ
ကြီးပေါ်က ရှင်ဘုရင်တို့ သည်၊ သူတို့ အုပ်ချုပ်သောနိုင်ငံနှင့် သူ့ နိုင်ငံတွင်းရှိသော လူတွေကို အုပ်စိုးပိုင်ခွင့်ရှိပါသည်။
 သို့ သော် ကားတိုင်ပေါ်တွင် ရှင်ဘုရင်ဟူသော အမှတ်အသားနှင့် အသေခံခဲ့သော၊ ယေရှုသည်၊ ကမ္ဘာမြေ
ကြီးပေါ်တွင်သာမက အရာရာအားလုံးကို ပိုင်သအုပ်စိုးနိုင်သော ရှင်ဘုရင်တစ်ပါးဖြစ်ပါသည်။
ထိုရှင်ဘုရင် ယေရှုသည်၊ ကမ္ဘာမြေကြီးကို ဖန်ဆင်းခဲ့သူဖြစ်သည့်အတွက်၊ ၍ကမ္ဘာမြေကြီးပေါ်က အရာတွေကို သူမမက်မောပါ။ သူစိတ်ဝင်စားသည်မှာ သင်နှင့်ကျွန်ပ်၏ ၀ိညာဉ်ကိုသာဖြစ်သည်။ သူနိုင်ငံသည် ကောင်းကင် နိုင်ငံဖြစ်သည်။ ယေရှုသည် ကောင်းကင်နိုင်ငံက ရှင်ဘုရင်တစ်ပါးဖြစ်ည်။ သူနိုင်ငံတော်တွင် လူသားစု တရပ်လုံးဝင်စားနိုင်ရေးအတွက်၊ သူကိုယ်တိုင် လူ့ ဇာတိခံယူကြွဆင်းလာကာ၊ ကားတိုင်ပေါ်တွင် အသေခံခဲ့သော၊ ကောင်းကင်နိုင်ငံက ရှင်ဘုရင်ဖြစ်ပါသည်။ သို့ သော် ထိုရှင်ဘုရင်ကို သာမန်အားဖြင့်ကြည့်ကာ ယုဒလူမျိုးတွေ ကားတိုင်တင်၍ ရိုက်သတ်ခဲ့ကြပါသည်။သို့ သော်လည်း ထိုအရာက သမ္မာကျမ်းစာ
ပြည့်စုံရန် အတွက်ဖြစ်လာပါသည်။
သမ္မာကျမ်းစာတွင် ပြန်၍လေ့လာကြည့်မည်ဆိုပါက...ယောဟန် ၁၉း ၁ တွင်
 
                            ထိုအခါပိလတ်မင်းသည် ယေရှုကိုယူ၍ ရိုက်ပြီးမှ၊
 
ဟူ၍ပါရှိသည်။ ထိုအခြင်းအရာသည် ပိလတ်မင်း၏ ကရုဏကိုဖော်ပြနေပါသည်။ ယုဒလူတို့  ယေရှုကို ကားတိုင်၍သတ်ရန်၊ ပိလတ်မင်းထံ ယေရှုကို အပ်သော်လည်း၊ ပိလတ်မင်းသည် လွတ်ချင်သော စိတ်ဆန္ဒ
ရှိကြောင်း တွေ့ ရပါသည်။ ယောဟန် ၁၉း ၁၂
 
ထိုအခါမှစ၍ ပိလတ်မင်းသည် ကိုယ်တော်ကိုလွှတ်ခြင်းငှါ ရှာကြံလေ၏။ ယုဒလူတို့ကလည်း၊ ထိုသူကိုလွှတ်လျှင် ကိုယ်တော်သည် ကဲသာဘုရင်၏အဆွေ မဟုတ်ပါ။ ရှင်ဘုရင်လုပ် သောသူမည်သည်ကား၊ ကဲသာဘုရင်၏ရန်သူဖြစ်ပါသည်ဟု လျှောက်ကြ၏။
 

No comments:

Post a Comment

တစုံတခုတော့ ထားခဲ့ကြပါနော်...