Tuesday 7 July 2015
အလုပ်မရှိသော စာတန်..(ဟာသ သက်သက်ပါ )
အသင်းတော် တစ်ခုမှ လူငယ်တစ်ယောက် တစ်ယောက်တည်း လမ်းလျှေက်နေစဉ်တွင်၊ ဘေးနားသို့ 
အမည် သူစိမ်းတစ်ယောက် ကပ်ပါလာသည်ကို သတိထားမိလိုက်ပါသည်။ လူငယ်သည် သူစိမ်းကို
တချက်ကြည့်ပြီး စတင်မိတ်ဆက်သည့် အနေဖြင့် ....
လူငယ်  ။  ။ နောင်ကြီး နာမည် ဘယ်လိုခေါ်လဲ?
သူစိမ်း   ။  ။ စာတန် လို့ ခေါ်တယ်။
လူငယ်  ။  ။ ခရစ်ယာန်တွေရဲ့ မိတ်ဆွေဟောင်းကြီးပဲ။
သူစိမ်း  ။   ။ ရန်သူ မဟုတ်ဘူးလား?
လူငယ် ။   ။  ထာဝရဘုရားပြီးရင်၊ ခင်ဗျား ကိုသူတို့ တွေက ပါးစပ်ဖျားက မချကြဘူးလေ။
လူငယ် ။  ။ စာတန် ဆိုတော့ သင်းအုပ်ဆရာတွေပြောသလို အလုပ်အရမ်းရှုပ်နေမှာပေါ့ ?
သူစိမ်း ။  ။ မရှုပ်ပါဘူး။
လူငယ် ။  ။ ဘာလို့ ..?
သူစိမ်း ။   ။  ကျွန်တော် စာတန် ဆိုတဲ့ကောင်တောင် ပါစရာမလိုဘူး၊ ခရစ်ယာန်တွေ သူ့ တို့ အချင်းချင်း
လူငယ် ။   ။ ...............? 
                                                                         SMT
No comments:
Post a Comment
တစုံတခုတော့ ထားခဲ့ကြပါနော်...