Wednesday 8 July 2015

ပြောင်းလဲခြင်း မရှိသော ထာဝရဘုရားသခင်

သမ္မာကျမ်းစာထဲ၌ များစွာသောကျမ်းပိုဓ်များအားဖြင့် ဘုရားသခင်သည်ပြောင်းလဲ၍မရနိုင်ကြောင်း(သို့ )
မပြောင်းလဲကြောင်း(သို့ )တည်တံ့ခိုင်မြဲကြောင်း ဖော်ပြထား၏။
 
ဆာလံ ၁၀၂း ၂၆-၂၇
ထိုအရာတို့သည် ပျက်စီး ခြင်းသို့ရောက်သော်လည်း ကိုယ်တော်သည် အမြဲတည်တော်မူ၏။  ထိုအရာရှိသမျှတို့သည် အဝတ်ကဲ့သို့ ဟောင်း နွမ်းခြင်းသို့ရောက်၍ ကိုယ်တော်သည် ဝတ်လုံကိုလဲသကဲ့သို့လဲတော်မူသဖြင့် ပြောင်းလဲခြင်း ရှိကြသော်လည်း၊ ကိုယ်တော်သည် ပြောင်းလဲတော်မမူပါ။
 
ဆာလံ ၃၃း ၁၁
ထာဝရဘုရား၏ ပြဌာန်းတော်မူခြင်းသည် ကာလအနန္တနှင့်ဆိုင်၍ စိတ်နှလုံးတော်၏ အကြံ အစည်တို့သည် သားစဉ်မြေးဆက် အဆုံးတိုင်အောင် တည်ကြလိမ့်မည်၊၊
 
မာလခိ ၃း ၆
ငါသည်ထာဝရဘုရား ဖြစ်၏။ ပြောင်းလဲခြင်းမရှိ။ ထိုကြောင့် ယာကုပ်အမျိုးသားတို့၊ သင်တို့သည် ဆုံးရှုံးခြင်းသို့မရောက်ကြ။
 
ရှင်ယာကုပ် ၁း ၁၇
 ထိုအဘသည် ရွေ့လျော့ တိမ်းယိမ်းခြင်းမရှိ၊ ပြောင်းလဲခြင်းအရိပ်နှင့် ကင်းလွတ်တော်မူ၏။
 
အထက်ပါကျမ်းပိုဒ်များနှင့် ပက်သက်၍၊ ဘုရားသခင်သည် မပြောင်းမလဲတည်ရှိနေခြင်း၊ အကြောင်းအား
များစွာသော ကျမ်းပိုဒ်များအရ၊ ပြောဆိုစရာအကြောင်းရှိ၏။ ဘု၇ားသခင်၏ သဘောသဘာဝအား ပြောင်းလဲစေရန်ဘယ်သူမှမွမ်းမံ၍မရ။ ထိုကြောင့် ဘုရားသခင်၏ အကြံအစည်တော်၊ ဘုရားသခင်၏စိတ်တော်
ဘုရားသခင်၏ လုပ်ဆောင်မှုသည်ပြောင်းလဲ၍မရ။ ဘယ်လိုအခြေနေမျိုးပေါ်ပေါက်လာသော်လည်း၊ ဘုရား
သခင်၏ သဘောသဘာဝအရ၊ သူသည်ပြောင်းလဲခြင်းမရှိ၊ ပြောင်းလဲ၍မရ။
 
တောလည်ရာကျမ်း ၂၃း ၁၉
ဘုရားသခင်သည် မုသာစကားကို ပြောအံ့သောငှါ လူဖြစ်တော် မူသည်မဟုတ်။ နောင်တရအံ့သောငှါ လူသားဖြစ်တော်မူသည် မဟုတ်။ မိန့်တော်မူပြီးမှ၊ စကားတော်အတိုင်း မပြုဘဲနေတော်မူမည်လော။ ဂတိထားတော်မူပြီးမှ၊ ဂတိတော်မတည်ဘဲ နေတော် မူမည်လော။
 
ဘုရားသခင်သည်၊ ဘယ်တော့မှမုသာမပြော။ (စိတ်မပြောင်း) ဘုရားသခင်သည်ပေးထားသော ကတိတော်
တို့ ကိုလည်း ဘယ်တော့မှမဖျက်ကြောင်း၊ ကျမ်းစာထဲက ဖော်ပြထား၏။အကြောင်းမူကား ကတိတော်
မတည်ခြင်းက ဘုရားဇာတိ မဟုတ်။ လူ့ ဇာတိကြောင့်သာဖြစ်ပါသည်။ ထိုကြောင့် ယနေ့ လူသားများ
မုသာ(လိမ်လည်)ပြောဆိုနေခြင်းသည် ဇာတိမကုန်သေးကြောင်း တွေ့ ရပါသည်။ သို့ သော် ကျွန်တော်
တို့ အသက်တာတွင် ဘုရားသခင်အုပ်စိုးမှုများလာသောအခါ၊ မုသာပြောဆိုခြင်း၊ သစ္စာမရှိခြင်း၊ ကတိမ
တည်ခြင်းများ လျှော့နည်းသွားမည်ဖြစ်သည်။ ထိုကြောင့် ကျွန်တော်တို့ အသက်တာသည် ဘုရားသခင်
၏ အုပ်စိုးမှုများများရှိရန်လို၏။ 
     
                                                  ( ဆက်ရန် )              SMT..

No comments:

Post a Comment

တစုံတခုတော့ ထားခဲ့ကြပါနော်...