ကျွန်တော် ဒီပိုစ့်ကို ရေးသင့် ၊ မရေးသင့် ။ တင်သင့် ၊ မတင်သင့် စဉ်းစားနေတာပါ ။ ဦးကျော်သူ တို့ လို
စံပြပုဂ္ဂိုလ်ကြီးတွေ အတွက် ကျွန်တော်လို လူမျိုးရေးတာကို ရီ ကောင်းရီပါလိမ့်မယ် ။ သေးသေးလေး မှ
သည် အကြီးကြီးဆီသို့  ဆိုသည့်အတိုင်း ပညာရှိ သတိဖြစ်ခဲမှာစိုးလို့  တင်လိုက်ရခြင်းသာဖြစ်ပါသည် ။
ရုပ်ရှင်မင်းသား အကယ်ဒမီ (ဦးကျော်သူ) ဟာ ကျွန်တော်အတွက်တော့ အလွန်
လေးစားထိုက်သော လူတစ်ယောက်ပါ ။ ရုပ်ရှင်မင်းသား အကယ်ဒမီ (ဦးကျော်သူ) ဆိုတာနဲ့  နာရေး
ကူညီမှုအသင်း ကိုပါတွဲပြီးမြင်ယောင်မိကြမှာပါ ။ ဟုတ်ပါတယ် (ဦးကျော်သူ)ဟာ မြန်မာနိုင်ငံက လူ
တွေအတွက် လူတန်းစားမရွှေး သူ့ ရဲ့ စေတနာ ၊ မေတ္တာတွေကို ပေးဆပ်နေတဲ့ ပုဂ္ဂိုလ်ကြီး တစ်ယောက်
ပါ ။ ဒီလိုကြီးကျယ်မြင့်မြတ်တဲ့ ပုဂ္ဂိုလ်ကြီးအကြောင်းကို ရေးမယ်ဆိုတော့ အတော့်ကို သတိထားရပါတယ် ။
တစုံတခု မှားယွင်းခဲ့ရင် ကျွန်တော် အနူးအညွတ် တောင်းပန်ပါတယ် ။ ဦးကျော်သူ ရဲ့  ပေးဆပ်ခြင်းဟာ
တန်းဖိုးမဖြတ်နိုင်ပါဘူး ။ ဒါကြောင့်လည်း ပြည်သူ့ ဂုဏ်ရည်ဆု ကိုရရှိခဲ့တာပါ ။ ဦးကျော်သူ ဆိုတဲ့ နာမည်
ဟာ မြန်မာနိုင်ငံ ပြည်သူ ၊ ပြည်သားတွေရဲ့  ရင်ထဲမှာ အမြဲတမ်း မှတ်တမ်းတင်နေမည့် နာမည် တစ်ခုပါ ။
ဒါကြောင့်လည်း အမှားအယွင်းမရှိအောင် တင်ပြရခြင်းသာဖြစ်ပါတယ် ။ ဒီလို တင်ပြမှု မှားယွင်းခဲ့ရင်
တောင်းပန်ပါကြောင်း ထပ်လောင်းပြောဆိုပါရစေ ခင်ဗျာ ။
ကျွန်တော် တို့ မြန်မာနိုင်ငံဟာ ဗုဒ္ဓဘာသာ နိုင်ငံလို့  အားလုံးက အသိအမှတ်ပြုထားကြ
ပါတယ် ။ မြန်မာနိုင်ငံမှာလည်း လက်ညိုးထိုးမလွဲအောင် စေတီ ၊ ပုထိုးတွေပေါများလှပါတယ် ။ ဘုရား ၊
တရား ၊ သံဃာ ကိုကြည်ညိုကြတာ မြန်မာနိုင်ငံ သူ၊ မြန်မာနိုင်ငံသားတွေကို ဘယ်သူမှလိုက်မမှီဘူးလို့ 
ကျွန်တော် ယုံကြည်ပါတယ် ။ ဒီနေရာမှာ ကျွန်တော် ပြောချင်တဲ့ အဓိကအကြောင်းကတော့ ဗုဒ္ဓဘာသာ
ဝင်တွေဟာ ဘုရား ၊ တရား ၊ သံဃာ ဆိုပြီး တတန်းထဲထားကြပါတယ် ။ ဘုရားသားတော်တွေ ဖြစ်တဲ့
သံဃာတော်တွေ ကိုလည်း ဘုရားနဲ့ တတန်းထားပြီး ကိုးကွယ်ဆည်းကပ်ကြပါတယ် ။ ဒီလို ဘုရားနဲ့  တတန်းထဲထားပြီး ကိုးကွယ်ဆည်းကပ်ကြတဲ့ သံဃာတော်တွေကို ဘယ်လို ပူဇော်မှုမျိုးနဲ့  ကန်တော့
သင့်ကြပါသလဲ ။
အောက်ကပုံကို ကြည့်ပါ ။
ဒါဟာ ဘုရားသားတော် သံဃာတစ်ပါးနဲ့  အတူ ရုပ်ရှင်မင်းသား(ဦးကျော်သူ) နဲ့  အခြား တစ်ယောက်
တို့  ထိုင်ခုံတစ်ခုံမှာ အတူယှဉ်တွဲ ထိုင်နေကြတာပါ ။ ကျွန်တော် ပြောချင်တာက ဗုဒ္ဓဘာသာ မှာ ဘုရား နဲ့ 
သံဃာ ကို တတန်းတည်း ထားပြီးကိုးကွယ်နေကြရဲ့ သားနဲ့  ၊ ဘာဖြစ်လို့  ယခုလို သံဃာတော် တွေနဲ့ 
အတူယှဉ်တွဲ ထိုင်ကြရတာလဲ ခင်ဗျာ ။ ဒါဆိုရှင် ဗုဒ္ဓဘုရားရှင် နဲ့  အတူယှဉ်တွဲ ထိုင်သလိုဖြစ်မနေဘူးလား ခင်ဗျာ ။
တခြား သာသာဝင်တွေ အနေနဲ့ ကြည့်ရင် ဘယ်လိုအမြင်မျိုး ရှိမယ်ဆိုတာကိုပါ သုံးသပ်သင့်ပါ
တယ်။ ဦးကျော်သူ တို့ လို စံပြပုဂ္ဂိုလ်ကြီးတွေကတောင် ဒီလိုပြုမှုမယ်ဆိုရင် တခြားလူတွေ အနေနဲ့ .....? ။
မိမိ ကိုးကွယ်တဲ့ ဘာသာကို မိမိကိုယ်တိုင် လေးစားလိုက်နာကျင့်သုံးမှ တခြားဘာသာဝင်တွေဟာ လေး
စားလိုက်နာမှာပါ ။ ဒီလို အတူယှဉ်တွဲ ထိုင်နေတာကို တခြား ဘာသာဝင်တွေ အနေနဲ့  မြင်တွေ့ သွားရင်
မိမိတို့  ကိုးကွယ်ဆည်းကပ်နေကြတဲ့ သံဃာတော်တွေကိုလည်း အမြင်တမျိုးရောက်သွားနိုင်ပါတယ် ။
သံဃာတော်တွေ အနေနဲ့ ကလည်း ဒီလိုပြုမှုလာရင် ကျောသား ၊ ရင်သား မခွဲခြားပဲ ဆုံးမပြုပြင်သင့်ပါ
တယ်လို့ ထင်မြင်ယူဆမိပါတယ် ။ အလှူအတန်း ကိုမျှော်ကိုးပြီးလို့ ဘဲဖြစ်ဖြစ် ၊ အားနာလို့ ဘဲဖြစ်ဖြစ်
ဆုံးမသင့်တာကို မဆုံးမဘူးဆိုရင်တော့ သံဃာတော်တွေပါ အပြစ်မကင်းဘူး လို့ ထင်မြင်ယူဆမိ
ပါကြောင်း ရေးစားလိုက်ရပါတယ် ခင်ဗျာ ။။။။။။။။။။
လေးစားလျှက် ( စိုင်းမြင့်ထွန်း )
Monday, 27 June 2011
Saturday, 25 June 2011
ကဗျာလေး တပုဒ်ပါ......
မေးလ် ထဲရောက်လာတဲ့ ကဗျာလေး တပုဒ်ကို ကြိုက်လို့ တင်လိုက်တာပါ ။ ရိုင်း
ရင်တော့ ခွင့်လွတ်ကြပါဗျာ ။ မူရင်း မပျက်ချင်လို့ ဒီအတိုင်းတင်လိုက်တာပါ ။
ကြီးမိုက်
လူငယ်တွေအတွက်လည်း အားမဖြစ်
လူကြီးချင်းလည်း တရားမဖြစ်
နှစ်ယောက်ရှိ ရန်ထဖြစ်ကြ
ငယ်ကျိုးငယ်နာတွေဖော်
အချင်းချင်း ဆော်ပလော်တီး
မာန်မာနတွေ တညီးညီးနဲ့
သေဖို့လည်း နီးနေကြပြီ။
ယဉ်ကျေးမှုလည်း နားမလည်
ဟိရိသြတ္တပ္ပလည်း မရှိ
အပြုသဘောလည်း မဆောင်
_ီးချင်း မိုးမွှန်အောင်ဆဲ
အွန်လိုင်းမှာ မိုက်ကြေးခွဲ
သင်္ချိုင်းထဲလည်း ခြေတလှမ်းဝင်နေပြီ။
အပြုသဘော အမှန်နဲ့
ပေါင်းစည်းမှုသဏ္ဍာန် မြင်ချင်စမ်းပ
အဆိုးမြင် သဘောကင်းလို့
အကျိုးထင် မနောရှင်းစွာ
လူငယ်တွေကို ရှေ့ဆောင်ပြု
ရွယ်တူချင်း ညီညွတ်
တိုင်းပြည်အရေးမျှော်လို့
အတွေး ထပ်မချော်ကြစေချင်။
မောဟအမှောင်ဖုံးလို့
ဘဝတွေ မဆုံးကြစေဖို့
လူကြီးမင်းတို့ရေ...
ကိုယ့်အသက်ကိုလည်း အားနာကြအုံး။
မောင်ပါလ
၂၃.၆.၂၀၁၁
Monday, 20 June 2011
အိန္ဒိယ ..ပန်းချီကားများ ( ၁ )
ကျွန်တော် တို့ နိုင်ငံ ရဲ့ အိမ်နီးနားခြင်းနိုင်ငံ တစ်ခုဖြစ်တဲ့ ဘာဘူကြီးတို့  နိုင်ငံ ကလက်ရာတွေပါ....
နောက်ထပ် ကျန်တာလေးတွေက ပိုလှမယ်ထင်တယ်ဗျာ ။ ကျွန်တော် လည်း မအားလို့  ဘလော့ထဲ
မ၀င်ဖြစ်ဘူးဗျာ....လာလည်ကြတဲ့  မိတ်ဆွေ တွေကိုအထူးပဲကျေးဇူးတင်ရှိပါတယ် ခင်ဗျာ.....
နောက်ထပ် ကျန်တာလေးတွေက ပိုလှမယ်ထင်တယ်ဗျာ ။ ကျွန်တော် လည်း မအားလို့  ဘလော့ထဲ
မ၀င်ဖြစ်ဘူးဗျာ....လာလည်ကြတဲ့  မိတ်ဆွေ တွေကိုအထူးပဲကျေးဇူးတင်ရှိပါတယ် ခင်ဗျာ.....
Thursday, 16 June 2011
မမျှတဲ့ ကမ္ဘာကြီး.........
အလွန်တရာ သနားစရာကောင်းသော လူဖြစ်ကျိုး မနပ်တဲ့လူတွေလို့  ပြောရတော့မှာလား ။
သင် ထမင်းတလုပ်စားရတိုင်း သူတို့ ကို သတိရပါ ။
မိတ်ဆွေ သင့်မှာရှိတဲ့ ကိုယ်ခြင်းစာတရားလေးကို ထိုလူတွေအတွက် တစုံတခုရေးပေးလိုက်ပါနော်...
သင် ထမင်းတလုပ်စားရတိုင်း သူတို့ ကို သတိရပါ ။
မိတ်ဆွေ သင့်မှာရှိတဲ့ ကိုယ်ခြင်းစာတရားလေးကို ထိုလူတွေအတွက် တစုံတခုရေးပေးလိုက်ပါနော်...
Thursday, 9 June 2011
" တဖက်စောင်းနင်း"
" တဖက်စောင်းနင်း"
အပိုင်း(၁)
"ညောင်းလိုက်တာ....."
ခြေထောက်တွေကို ဆက်ပြီးနေရာမရွှေ့ချင်လောက်အောင်
လူက ပန်းနေပြီ။
မနေ့လည်း ဒီအတိုင်း ဒီနေ့လည်း ဒီအတိုင်း အရင် ရက်တွေကလည်း ဒီအတိုင်းပဲဆိုတာ ...
စီးထားတဲ့ ဖိနပ်ကလေးကလေးကို ဘာရယ်မဟုတ်ငုံ့ကြည့်မိတော့ ... တော်တော်ပါးနေပြီပဲ
ပါးယုံတင်မကပါဘူး .... ဖနောင့်ဖက်ပိုင်းဆို ပါးလွန်းလို့ပေါက်တောင်နေပြီ ...... အင်း ဒီနှစ်စပိုင်းကတည်းက တော်တော်ခရီးရောက်ခဲ့တာပဲလေ...
မေးပါများခရီးရောက် သွားပါများဖိနပ်ပေါက်ဆိုတာ ဒါပေါ့.. အဟင်း
ကိုယ်ဖာသာကိုယ် ရေရွတ်ရင်း တယောက်တည်းပင် ပြုံးလိုက်မိသည်။
ခရီးကလည်း အများကြီးရောက်ခဲ့ပါတယ်။ ရောက်တဲ့ခရီးတိုင်းမှာလည်း "အသက်ကြီးနေပြီ" " အားကိုသုံးပြီးဘာတွေလုပ်နိုင်မှာလဲ" "ဒီမှာလူငယ်တွေပဲခန့်တာ"
"အဆင်မပြေနိုင်ဘူးနော်" "အားနာလိုက်တာ" " နောက်နေ့ပြန်လာကြည့်ပါလားလူကြီးမရှိလို့" " ဒီဲ့ပြင်နေရာသွားကြည့်ဦးနော်" "ဘာနော် ညာနော် နော် နော် "
ဒါတွေပဲကြားနေရတာ ..
အခု ဘာဆက်လုပ်မလဲ
ဖာသာအမေးနှင့်အတူ နေပူပူကျောပူပူမှာ အရdပ်ထူထူကို မျက်လုံးဝှေ့ကာ ရှာမိသည်။
"ဟူး"
နဖူးမှ ချွေးစီးအနည်းငယ်ကို လက်နှင့်သပ်ချရင်း ဗန်ဒါပုပြတ်ပြတ်အောက်နားမှာ နေရာယူဖို့ပြင်ဆင်မိသည်..။။
"ကိုယ့်ထက်ဦးနေတာပဲ"
အုံခဲနေသော ပုရွတ်ဆိပ်မဲမဲကြီးများက သူ့ထက်အရင် ရောက်နှင့်နေလေပြီ...အင်အားက သူတို့ဖက်ကများနေပြန်တော့ ကိုယ်ပဲမာန်လျော့ရတော့မလိုပင်...
ကိုယ်ကိုလည်း သူတို့နေရာလုလေမလားဟူသည့်သဘောဖြင့် ကြည့်နေကြသလို...
မတတ်နိုင်ပါ တခရီးတည်းသွားတွေပဲလေ အေးအတူပူအမျှပေါ့နော်....
အပြုံးနှင့်နှုတ်ဆက်လိုက်ပြီး သူတို့နှင့်ခပ်ခွာခွာလောက်တွင် ခြေပစ်လက်ပစ်ကို ထိုင်ချလိုက်မိသည်။
"ဟဲ့ ဘယ်သွားမလို့တုန်း" "ဟိုမှာ" "ဟာ အသားမရှိပါဘူးဆို" "ရှိရှိ မရှိရှိ ကိုက်ချင်တယ် သွားယားနေလို့ " "အော် သနားပါတယ်မလုပ်ပါနဲ့ နေပါစေ ကိုယ့်မှ အန္တရာယ်မပေးတာ"
"ဟုတ်တယ် သားလေးရေ မလုပ်နဲ့နော်"(မှတ်ချက် ။ ။ ပုရွက်ဆိပ်တွေရဲ့စကားသံပါ)
အနားမှာ ရစ်သီရစ်သီ ဟိုပြေးဒီပြေးလုပ်နေကြတဲ့ ပုရွတ်ဆိပ်သေးသေးလေးတွေကို အဓိပါယ်မဲ့ ငေးကြည့်နေ..
မိရင်း အတွေးတွေက ဟိုပြန့်ဒီပြန့်နှင့်....
စိတ်ကလည်း ဟိုလွှင့်ဒီလွှင့်ဖြစ်နေမိသလိုလို...။
အပိုင်း(၂)
"၀ူး ၀ူး"
"ဟင်" နားထဲသို့ စူးဝင်လာသော ကားစက်သံနှင့်အတူ...
ဘယ်အချိန်မှာ ဘယ်လိုဖြစ်သွားမိသည်မသိ...
ဖြတ်ကနဲလန့်နိုးသလိုဖြစ်သွားမိချိန်မှာ ပတ်ဝန်;ကျင်က အမှောင်ထုကို စတင်လွှမ်းခြုံနေလေပြီ။
"အမလေး ကားတွေမရှိရင်တော့ ပြသာနာပဲ"
ပြန်မယ့်လမ်းကို အလျှင်အမြန်ဦးတည်မိရင်း စိုးရိမ်စိတ်ကလေးလည်းဝင်မိသည်..
"ဒဂုံတောင် ဒဂုံတောင် ၂၀၀ ၂၀၀ "
အောက်စိုက်ကားတွေအော်နေလေပြီပဲ
မကုန်သင့်ပဲ ကုန်ဦးမည်လေ...
၅၀ ခရီးလမ်းကို မှောင်နေတဲ့အတွက် ၂၀၀ ပေးရတော့မယ်ဆိုတော့ အိပ်ကပ်ပိန်ပိန်လေးကကို စမ်းရင်း နှမြောစိတ်အပြည့်ဝင်မိသည်။
ကိုယ့်အပြစ်ပဲလေ..
ဖာသာရေရွတ်မိရင်း.... မတတ်နိုင်သည့်အဆုံး ကိုယ်လိုသူလိုတွေနှင့်အတူ အသက်ကို သတိမထားမိတော့ပဲ အလုအယက်ပြေးတက်မိတော့သည်။
အပိုင်း(၃)
"ကျွတ် ကျွတ် ကျွတ်"
"မနှင်း မင်းသက်သာရဲ့လား"
"အင်း သက်သာပါတယ် ကျွတ် ကျွတ် "
အိပ်ယာလေးထက်မှ တရွှေ့ရွှေ့ ဖင်ရွှေ့သွားနေသည့် ဇနီးသည်ကို မေးရင်း လှမ်းလက်စလက်ကလေးကိုကျော်ကာ ကွမ်းအစ်ကလေးအား မိမိအရင်လက်ဦးလိုက်သည်။
"ရော့ ရော့ ဒါယူမှာမို့လား"
"အင်း"
"ကွမ်းတွေလည်းသိပ်မစားနဲ့ဦးလေကွာ တော်ကြာကျောက်ကပ်ပါဖြစ်နေမှဖြင့်"
"မြန်မြန်သွားရတာပေါ့ကိုဘမောင်ရယ်.."
"မင်းသွားတာအရေးမကြီးဘူး အေးအေးချမ်းချမ်းသွားဖို့က ဒါလိုနေသေးတယ်လေ" လက်ကလေးကိုကွေးပြလိုက်တော့ ဇနီးသည်သဘောပေါက်သွားပြီထင်..။
"အင်း ဟုတ်ပါတယ် အဲဒါ့ကြောင့် မသွားနိုင်သေးတာပေါ့"
"ရှင်ရော အဆင်ပြေလာရဲ့လား အင်း မေးသာမေးရတာ အဖြေက အရင်နေ့တွေအတိုင်းကော်ပီကူးလာတယ်မှုတ်လား အဟင်း ဟင်း.".. မရယ်ချင့်ရယ်ချင် ရယ်လိုက်မိသည်..။
"အေးကွာ"
လူကသာ လေဖြတ်ထားလို့ အိပ်ယာထဲနေတာ စိတ်က ရှင့်နောက်လိုက်နေတာလို့ မပြောပေမဲ့လည်း အိမ်ထောင်ဦးစီးဖြစ်သူသိမှာပါလေ...
"ဒီနေ့ ဘယ်သူလာသေးလဲ"
အဖြေကတိတ်နေသည်...
"ငါသွားခေါ်ပေးရမလား"
"အို ရှင်ကလည်း အားမှန်းမအားမှန်းမသိ ခေါ်မနေပါနဲ့ သူတို့အလုပ်နဲ့ သူတို့ရှုပ်နေမှာဥစ္စာ"
ပြောသာပြောရသည် မျက်နှာကလေးတွေကို အာရုံမှာပုံပေါ်ကြည့်နေမိပုံပင်.. ဟူး..။ နွမ်းလျှနေသောဇနီးမျက်နှာကိုနားလည်မိသလိုကြည့်ရင်း
သက်ပြင်းမောကို မသိမသာချလိုက်မိသည်။
အပိုင်း(၄)
"ဟော အဖေ ရောက်နေတာကြာပြီလား"
မေ့တေ့တေ့ဖြစ်နေသော စက္ကလှေခေါက်နည်းကို မနည်းပြန်စဉ်စားနေချိန်မှာ သားဖြစ်သူအသံက အကြားအာရုံထဲဝင်လာသည်။
"အေးကွ ဒီမှာမင်းရဲ့သားက လှေလုပ်ပေးပါဆိုလို့ အဟင်း"
"မင်းပြန်လာတာနောက်ကျတယ်နော်"
"ဟုတ်တယ် အလုပ်က အော်ဒါတွေများနေတာနဲ့ ကျွန်တော်လည်း မနားရပါဘူး"
ရော့ မိန်းမရေ သိမ်းလိုက်ဦး"
အနားသို့ရောက်လာသော ချွေးမဖြစ်သူကို လက်ထဲကပိုက်ဆံအိပ်လှမ်းပေးလိုက်တာ မကြည့်ပဲမြင်လိုက်ရသည်။
"ထမင်းစားမယ်ကွာ ဘာဟင်းချက်လဲ"
"အမဲသားနပ်ထားတယ် ပဲရေပွလည်းကြော်လည်းရှိတယ် သရက်သီးလည်း လှီးထားတယ်ကိုကျော်ရေ..".
နောက်ဖေးမှ ချွေးမဖြစ်သူပြန်အော်သံက နားထဲထပ်ဝင်လာသည်။
"အဖေလည်း ပြန်ရင်စောစောပြန်နော် တော်ကြာမှောင်လာဦးမယ် "
"အင်း "
သားဖြစ်သူအမေးကို လေးတွဲ့တွဲ့ဖြေရင်း အမေရော နေကောင်းလားဟူသည့်အမေးကို ဖာသာကြားရနိုးနိုးစောင့်စားနေမိသလိုပင်...
"စားလို့ရပြီကိုကျော်ရေ"
"အေး အေး "
"ကဲ အဖေ ကျွန်တော်ထမင်းစားလိုက်ဦးမယ် အဖေရော စားပြီးမှလာတာမှုတ်လား " အမေးနှင့်အဖြေက သူ့ဖာသာပင်..။
"အော် အင်း"
ကိုယ့်အဖြေကတော့ ညာတာလား အမှန်လား ဖာသာသိ၏။
"စောစောပြန်အဖေရေ အဖေ့မြေးခိုင်းထားတွေလုပ်နေလို့ တော်ကြာမှောင်သွားရင်ခက်မယ် ကျွန်တော်လည်း ပင်ပန်းနေလို့လိုက်ပို့ပေးနိုင်မှာမဟုတ်ဘူး"
"အင်း ဟင်း"
တီးတိုးအဖြေနှင့်သက်ပြင်းမောကိုချကာ ခြေလှမ်းကို တိုက်ခန်းဆီမှရွှေ့လိုက်သည်။
"အော် အဖေ ခဏ"
ဝမ်းသာမိတာအမှန် မျှော်လင့်နေသောစကားကြားရတော့မည့်အထင်နှင့်...
"မနေ့က အဖေ့သမီးဖုန်းဆက်တယ် အဖေလာရင် အိမ်လွှတ်လိုက်ပါဦးတဲ့ သူတို့လင်မယားဘုရားဖူးသွားမလို့ အဲဒါအိမ်စောင့်မရှိလို့တဲ့"
"အော်" ဆိုသည့်စကားသံက ရင့်ထံဆို့နစ်သွားသလို ခံစားရရင်း လည်ချောင်းထိပ်သို့ထွက်မိသည့်အသံပြာပြာလိုပင်..။...
အပြန်ခြေလှမ်းတွေက အလာတုန်းကလောက် မသွက်လက်တော့ပါ။
"ဘယ်လိုလဲ တွေ့ခဲ့လား" "ကလေးတွေနေကောင်းလား"
"သားအလုပ်များနေလား"
"သမီးရောအဆင်ပြေရဲ့လား"
"လား" "လား" ဆိုသည့်အမေးတွေ တထပ်ကြီးမေးတော့မည့် လူမမာဇနီးသည်အတွက် မည်သို့ဖြေရမည်ဆိုသည့်အဖြေများကို
စဉ်းစားရင်း စဉ်းစားရင်း.......။
။----------------------------------------------------------------------------------------------------------။
အစ်မ တပေါင်းသီ ရဲ့  လက်ရာတစ်ခုပါ ။
အပိုင်း(၁)
"ညောင်းလိုက်တာ....."
ခြေထောက်တွေကို ဆက်ပြီးနေရာမရွှေ့ချင်လောက်အောင်
မနေ့လည်း ဒီအတိုင်း ဒီနေ့လည်း ဒီအတိုင်း အရင် ရက်တွေကလည်း ဒီအတိုင်းပဲဆိုတာ ...
စီးထားတဲ့ ဖိနပ်ကလေးကလေးကို ဘာရယ်မဟုတ်ငုံ့ကြည့်မိတော့ ... တော်တော်ပါးနေပြီပဲ
ပါးယုံတင်မကပါဘူး .... ဖနောင့်ဖက်ပိုင်းဆို ပါးလွန်းလို့ပေါက်တောင်နေပြီ ...... အင်း ဒီနှစ်စပိုင်းကတည်းက တော်တော်ခရီးရောက်ခဲ့တာပဲလေ...
မေးပါများခရီးရောက် သွားပါများဖိနပ်ပေါက်ဆိုတာ ဒါပေါ့.. အဟင်း
ကိုယ်ဖာသာကိုယ် ရေရွတ်ရင်း တယောက်တည်းပင် ပြုံးလိုက်မိသည်။
ခရီးကလည်း အများကြီးရောက်ခဲ့ပါတယ်။ ရောက်တဲ့ခရီးတိုင်းမှာလည်း "အသက်ကြီးနေပြီ" " အားကိုသုံးပြီးဘာတွေလုပ်နိုင်မှ
"အဆင်မပြေနိုင်ဘူးနော်" "အားနာလိုက်တာ" " နောက်နေ့ပြန်လာကြည့်ပါလားလူကြီး
ဒါတွေပဲကြားနေရတာ ..
အခု ဘာဆက်လုပ်မလဲ
ဖာသာအမေးနှင့်အတူ နေပူပူကျောပူပူမှာ အရdပ်ထူထူကို မျက်လုံးဝှေ့ကာ ရှာမိသည်။
"ဟူး"
နဖူးမှ ချွေးစီးအနည်းငယ်ကို လက်နှင့်သပ်ချရင်း ဗန်ဒါပုပြတ်ပြတ်အောက်နားမှာ နေရာယူဖို့ပြင်ဆင်မိသည်..။။
"ကိုယ့်ထက်ဦးနေတာပဲ"
အုံခဲနေသော ပုရွတ်ဆိပ်မဲမဲကြီးများက သူ့ထက်အရင် ရောက်နှင့်နေလေပြီ...အင်အားက သူတို့ဖက်ကများနေပြန်တော့ ကိုယ်ပဲမာန်လျော့ရတော့မလိုပင်..
ကိုယ်ကိုလည်း သူတို့နေရာလုလေမလားဟူသည့်သဘြော
မတတ်နိုင်ပါ တခရီးတည်းသွားတွေပဲလေ အေးအတူပူအမျှပေါ့နော်....
အပြုံးနှင့်နှုတ်ဆက်လိုက်ပြီး သူတို့နှင့်ခပ်ခွာခွာလောက်တွင် ခြေပစ်လက်ပစ်ကို ထိုင်ချလိုက်မိသည်။
"ဟဲ့ ဘယ်သွားမလို့တုန်း" "ဟိုမှာ" "ဟာ အသားမရှိပါဘူးဆို" "ရှိရှိ မရှိရှိ ကိုက်ချင်တယ် သွားယားနေလို့ " "အော် သနားပါတယ်မလုပ်ပါနဲ့ နေပါစေ ကိုယ့်မှ အန္တရာယ်မပေးတာ"
"ဟုတ်တယ် သားလေးရေ မလုပ်နဲ့နော်"(မှတ်ချက် ။ ။ ပုရွက်ဆိပ်တွေရဲ့စကားသံပါ)
အနားမှာ ရစ်သီရစ်သီ ဟိုပြေးဒီပြေးလုပ်နေကြတဲ့ ပုရွတ်ဆိပ်သေးသေးလေးတွေကို အဓိပါယ်မဲ့ ငေးကြည့်နေ..
မိရင်း အတွေးတွေက ဟိုပြန့်ဒီပြန့်နှင့်....
စိတ်ကလည်း ဟိုလွှင့်ဒီလွှင့်ဖြစ်နေမိသလိုလို
အပိုင်း(၂)
"၀ူး ၀ူး"
"ဟင်" နားထဲသို့ စူးဝင်လာသော ကားစက်သံနှင့်အတူ...
ဘယ်အချိန်မှာ ဘယ်လိုဖြစ်သွားမိသည်မသိ...
ဖြတ်ကနဲလန့်နိုးသလိုဖြစ်သွားမိ
"အမလေး ကားတွေမရှိရင်တော့ ပြသာနာပဲ"
ပြန်မယ့်လမ်းကို အလျှင်အမြန်ဦးတည်မိရင်း စိုးရိမ်စိတ်ကလေးလည်းဝင်မိသည်..
"ဒဂုံတောင် ဒဂုံတောင် ၂၀၀ ၂၀၀ "
အောက်စိုက်ကားတွေအော်နေလေပြီပဲ
မကုန်သင့်ပဲ ကုန်ဦးမည်လေ...
၅၀ ခရီးလမ်းကို မှောင်နေတဲ့အတွက် ၂၀၀ ပေးရတော့မယ်ဆိုတော့ အိပ်ကပ်ပိန်ပိန်လေးကကို စမ်းရင်း နှမြောစိတ်အပြည့်ဝင်မိသည်။
ကိုယ့်အပြစ်ပဲလေ..
ဖာသာရေရွတ်မိရင်း.... မတတ်နိုင်သည့်အဆုံး ကိုယ်လိုသူလိုတွေနှင့်အတူ အသက်ကို သတိမထားမိတော့ပဲ အလုအယက်ပြေးတက်မိတော့သည်။
အပိုင်း(၃)
"ကျွတ် ကျွတ် ကျွတ်"
"မနှင်း မင်းသက်သာရဲ့လား"
"အင်း သက်သာပါတယ် ကျွတ် ကျွတ် "
အိပ်ယာလေးထက်မှ တရွှေ့ရွှေ့ ဖင်ရွှေ့သွားနေသည့် ဇနီးသည်ကို မေးရင်း လှမ်းလက်စလက်ကလေးကိုကျော်ကာ ကွမ်းအစ်ကလေးအား မိမိအရင်လက်ဦးလိုက်သည်။
"ရော့ ရော့ ဒါယူမှာမို့လား"
"အင်း"
"ကွမ်းတွေလည်းသိပ်မစားနဲ့ဦးေ
"မြန်မြန်သွားရတာပေါ့ကိုဘမောင်
"မင်းသွားတာအရေးမကြီးဘူး အေးအေးချမ်းချမ်းသွားဖို့က ဒါလိုနေသေးတယ်လေ" လက်ကလေးကိုကွေးပြလိုက်တော့ ဇနီးသည်သဘောပေါက်သွားပြီထင်..။
"အင်း ဟုတ်ပါတယ် အဲဒါ့ကြောင့် မသွားနိုင်သေးတာပေါ့"
"ရှင်ရော အဆင်ပြေလာရဲ့လား အင်း မေးသာမေးရတာ အဖြေက အရင်နေ့တွေအတိုင်းကော်ပီကူးလာ
"အေးကွာ"
လူကသာ လေဖြတ်ထားလို့ အိပ်ယာထဲနေတာ စိတ်က ရှင့်နောက်လိုက်နေတာလို့ မပြောပေမဲ့လည်း အိမ်ထောင်ဦးစီးဖြစ်သူသိမှာပါေ
"ဒီနေ့ ဘယ်သူလာသေးလဲ"
အဖြေကတိတ်နေသည်...
"ငါသွားခေါ်ပေးရမလား"
"အို ရှင်ကလည်း အားမှန်းမအားမှန်းမသိ ခေါ်မနေပါနဲ့ သူတို့အလုပ်နဲ့ သူတို့ရှုပ်နေမှာဥစ္စာ"
ပြောသာပြောရသည် မျက်နှာကလေးတွေကို အာရုံမှာပုံပေါ်ကြည့်နေမိပုံပင်.
သက်ပြင်းမောကို မသိမသာချလိုက်မိသည်။
အပိုင်း(၄)
"ဟော အဖေ ရောက်နေတာကြာပြီလား"
မေ့တေ့တေ့ဖြစ်နေသော စက္ကလှေခေါက်နည်းကို မနည်းပြန်စဉ်စားနေချိန်မှာ သားဖြစ်သူအသံက အကြားအာရုံထဲဝင်လာသည်။
"အေးကွ ဒီမှာမင်းရဲ့သားက လှေလုပ်ပေးပါဆိုလို့ အဟင်း"
"မင်းပြန်လာတာနောက်ကျတယ်နော်"
"ဟုတ်တယ် အလုပ်က အော်ဒါတွေများနေတာနဲ့ ကျွန်တော်လည်း မနားရပါဘူး"
ရော့ မိန်းမရေ သိမ်းလိုက်ဦး"
အနားသို့ရောက်လာသော ချွေးမဖြစ်သူကို လက်ထဲကပိုက်ဆံအိပ်လှမ်းပေးလို
"ထမင်းစားမယ်ကွာ ဘာဟင်းချက်လဲ"
"အမဲသားနပ်ထားတယ် ပဲရေပွလည်းကြော်လည်းရှိတယ် သရက်သီးလည်း လှီးထားတယ်ကိုကျော်ရေ..".
နောက်ဖေးမှ ချွေးမဖြစ်သူပြန်အော်သံက နားထဲထပ်ဝင်လာသည်။
"အဖေလည်း ပြန်ရင်စောစောပြန်နော် တော်ကြာမှောင်လာဦးမယ် "
"အင်း "
သားဖြစ်သူအမေးကို လေးတွဲ့တွဲ့ဖြေရင်း အမေရော နေကောင်းလားဟူသည့်အမေးကို ဖာသာကြားရနိုးနိုးစောင့်စားနေမိ
"စားလို့ရပြီကိုကျော်ရေ"
"အေး အေး "
"ကဲ အဖေ ကျွန်တော်ထမင်းစားလိုက်ဦးမယ် အဖေရော စားပြီးမှလာတာမှုတ်လား " အမေးနှင့်အဖြေက သူ့ဖာသာပင်..။
"အော် အင်း"
ကိုယ့်အဖြေကတော့ ညာတာလား အမှန်လား ဖာသာသိ၏။
"စောစောပြန်အဖေရေ အဖေ့မြေးခိုင်းထားတွေလုပ်နေလို့ တော်ကြာမှောင်သွားရင်ခက်မယ် ကျွန်တော်လည်း ပင်ပန်းနေလို့လိုက်ပို့ပေးနိုင်
"အင်း ဟင်း"
တီးတိုးအဖြေနှင့်သက်ပြင်းမောကို
"အော် အဖေ ခဏ"
ဝမ်းသာမိတာအမှန် မျှော်လင့်နေသောစကားကြားရတော့
"မနေ့က အဖေ့သမီးဖုန်းဆက်တယ် အဖေလာရင် အိမ်လွှတ်လိုက်ပါဦးတဲ့ သူတို့လင်မယားဘုရားဖူးသွားမလို့
"အော်" ဆိုသည့်စကားသံက ရင့်ထံဆို့နစ်သွားသလို ခံစားရရင်း လည်ချောင်းထိပ်သို့ထွက်မိသည့်
အပြန်ခြေလှမ်းတွေက အလာတုန်းကလောက် မသွက်လက်တော့ပါ။
"ဘယ်လိုလဲ တွေ့ခဲ့လား" "ကလေးတွေနေကောင်းလား"
"သားအလုပ်များနေလား"
"သမီးရောအဆင်ပြေရဲ့လား"
"လား" "လား" ဆိုသည့်အမေးတွေ တထပ်ကြီးမေးတော့မည့် လူမမာဇနီးသည်အတွက် မည်သို့ဖြေရမည်ဆိုသည့်အဖြေများ
စဉ်းစားရင်း စဉ်းစားရင်း.......။
။-----------------------------
အစ်မ တပေါင်းသီ ရဲ့  လက်ရာတစ်ခုပါ ။
Sunday, 5 June 2011
လက်ရာမြောက်လှ ၍ ချီးကျူးထိုက်လှသော ပန်းချီဆရာလေး.......
ဒီ ကလေးငယ်လေး ကိုကြည့်ပြီး အရမ်းကို ကျွန်တော်ချီးကျူးမိပါတယ် ။ အသက်ငယ်ပေမည့် ပညာမငယ်
တဲ့ ကလေးပါ ။ ဒီကလေးဟာ ကိုယ်တတ်တဲ့ ပညာနဲ့  အသက်မွှေးကျောင်းပြုနေတာပါ ။တချို့ ဆို မိဘ ကပညာတွေ သင်ပေးထားတောင် မိဘ ဆီကလက်ဝါးဖြန့် နေတဲ့သူတွေ အများကြီးပါ ။ထိုသူတွေဟာ ဒီကလေးရဲ့  ခြေဖျားတောင် မမှီတဲ့ သူတွေပါပဲ ။ ကျွန်တော် ဘလော့ တွေလျှေက်လည်ရင်းနဲ့ Nge Naing ရဲ့  ဘလော့ မှာ တင်ထားကိုတွေ့ လို့ ကြည့်မိရင်း သဘောကျလို့  တင်လိုက်တာပါ။
ကဲ......သူ့ လက်ရာ ကိုကြည့်ရအောင်ဗျာ...
ဒီကလေး အတွက် ရင်ထဲ မှာရှိတဲ့ အတိုင်း ဖွင့်ထုတ်လိုက်ဗျာ....
တဲ့ ကလေးပါ ။ ဒီကလေးဟာ ကိုယ်တတ်တဲ့ ပညာနဲ့  အသက်မွှေးကျောင်းပြုနေတာပါ ။တချို့ ဆို မိဘ ကပညာတွေ သင်ပေးထားတောင် မိဘ ဆီကလက်ဝါးဖြန့် နေတဲ့သူတွေ အများကြီးပါ ။ထိုသူတွေဟာ ဒီကလေးရဲ့  ခြေဖျားတောင် မမှီတဲ့ သူတွေပါပဲ ။ ကျွန်တော် ဘလော့ တွေလျှေက်လည်ရင်းနဲ့ Nge Naing ရဲ့  ဘလော့ မှာ တင်ထားကိုတွေ့ လို့ ကြည့်မိရင်း သဘောကျလို့  တင်လိုက်တာပါ။
ကဲ......သူ့ လက်ရာ ကိုကြည့်ရအောင်ဗျာ...
ဒီကလေး အတွက် ရင်ထဲ မှာရှိတဲ့ အတိုင်း ဖွင့်ထုတ်လိုက်ဗျာ....
Saturday, 4 June 2011
ပြုံးပျော်နိုင်စေရန်........
ကျွန်တော်လည်း ကားလိုင်စင် ကိစ္စဖြင့် အလုပ်ရှုပ်နေသောကြောင့် ပို့ စ်များ မတင်နိုင်ဖြစ်တာကြာပါပြီ။
အမှန်အတိုင်းဝန်ခံရရင် တော်တော်လေးကို စိတ်ညစ်နေလို့ ပါ။ သို့ သော် ကျွန်တော် စိတ်ညစ်နေပေမည့်
ကျွန်တော် ရဲ့ ဘလော့ လာရောက်လည်ပတ်သူအားလုံး ပြုံးပျော်စေချင်တာ ကျွန်တော် ရဲ့ ဆန္ဒပါ ။ထို့ ကြောင့်
ကျွန်တော် အစ်မ (တပေါင်းသီ) ပေးပို့ လာသော ဟာသ လေးများကို လာရောက်လည်ပတ်သူတွေ
ပြုံးပျော်နိုင်အောင်လို့  တင်လိုက်ပါတယ် ။
အမှန်အတိုင်းဝန်ခံရရင် တော်တော်လေးကို စိတ်ညစ်နေလို့ ပါ။ သို့ သော် ကျွန်တော် စိတ်ညစ်နေပေမည့်
ကျွန်တော် ရဲ့ ဘလော့ လာရောက်လည်ပတ်သူအားလုံး ပြုံးပျော်စေချင်တာ ကျွန်တော် ရဲ့ ဆန္ဒပါ ။ထို့ ကြောင့်
ကျွန်တော် အစ်မ (တပေါင်းသီ) ပေးပို့ လာသော ဟာသ လေးများကို လာရောက်လည်ပတ်သူတွေ
ပြုံးပျော်နိုင်အောင်လို့  တင်လိုက်ပါတယ် ။
"ဖြစ်မှဖြစ်ရလေ"
ဆေးရုံတစ်ခု၏ ခန်းမတစ်ခုအတွင်းမှာဖြစ်သည်။အမျိုးသမီးငယ်တစ်ယောက်ဟာ တွန်းလှည်းကုတင်လေးပေါ်မှာ ပက်လက်ကလေးစောင့်နေရရှာတယ်။သူမဟာ ခွဲစိပ်ကုသခံရမှာ ဖြစ်တဲ့ အတွက် အဝတ်အစားမပါ ဗလာကိုယ်တီးနဲ့ ဖြစ်နေလို့စောင်ဖြူပါးလေးနဲ့ ချုံလွားပေးထားကြတယ်။ခဏနေတော့ ဝတ်ရုံအဖြူကြီးဝတ်ထားတဲ့ လူတစ်ယောက်
အခန်းအတွင်းဝင်လာပြီး...သူမကိုလွားခြုံပေးထားတဲ့ စောင်ပါးလေးကို မ, ကြည့်တယ်။ပြီးတော့ ပြုံးပြုံး ပြုံးပြုံးနဲ့ ပြန်ထွက်သွားတယ်။တစ်ခါ...ခဏနေပြန်တော့ ခုနလူ ဝင်လာပြီး စောင်ကို မ, ကြည့်ပြန်တယ်။ ပြီးတော့
ပြုံးပြုံး ပြုံးပြုံးနဲ့ ပြန်ထွက်သွားပြန်တယ်။အဲ...မကြာခင်ဘဲ ခုနလူ တတိယအကြိမ်အခန်းထဲ ပြန်ဝင်လာပြီး စောင်ကို မ,
ကြည့်ပြန်တယ်။ဒီတခါတော့ အမျိုးသမီးငယ်က မေးတယ်... ..."ဒေါက်တာ၊ ကျမကို မကြာခင် ခွဲစိပ်ကြတော့မှာ မဟုတ်လား ဟင်..."ဒီတော့...အဲဒီလူက ပြန်ဖြေတယ်... ...
"သိဘူးဗျ...ကျနော်က ဒီဆေးရုံကို ဆေးပြန်သုတ်နေတဲ့ ဆေးသုတ်သမားရယ်" ။ ။ ။
…………………………………….. ။………………………………….
"ဒေါက်တာလည်းလေ လောကီသားပေမို့"
ရုပ်ဆိုးလွန်းလို့ စိတ်ကျရောဂါ ခံစားနေရတဲ့ လူတစ်ယောက်ဟာ စိတ်ရောဂါကုဆေးခန်းတစ်ခုကို ရောက်လာပါတယ်။
အဲဒီကိုရုပ်ဆိုးဟာ သူ့အလှည့်ရောက်တော့ ဆရာဝန်ရဲ့အခန်းထဲကိုဝင်လာရင်းပြောရှာတယ်... ...
"ဒေါက်တာရယ်၊ ကျနော်မှာလေ စိတ်ဓါတ်တွေကျပြီး အလွန်ဘဲ အထီးကျန်ဆန်နေပါတယ်ဗျာ၊
ကျနော့်မှာ သူငယ်ချင်းလည်း တစ်ယောက်မှ မရှိဘူး၊ ဘယ်သူမှလည်း ကျနော့်အနားကိုမလာချင်ကြဘူး၊
ကျနော့်ကို မြင်ကြတဲ့သူတိုင်း လှောင်ပြောင်ရယ်မောကြတယ်ဆရာ။ကျနော့်ရုပ်ကြီးဆိုးနေတာကို မကယ်နိုင်တော့ဘူးလား ဆရာရယ်..."
"ကယ်နိုင်ပါတယ်ဗျာ၊ ဒါပေမဲ့ ကျေးဇူးပြုပြီး ခင်ဗျားမျက်နှာကို ဟိုဘက်လှည့်ပြီး ပြောလို့ ရမလား"
………………………………………။……………………………………………………………….
"အားနွဲ့သူပါရှင်"*
ကိုထုံတစ်ယောက် ဈေးရှေ့မှာ စိတ်ညစ်နေတယ်။သူဝယ်ထားတဲ့ပစ္စည်းတွေကို ဘယ်လိုသယ်ရမှန်းမသိဘူးဖြစ်နေလို့ လေ....တောင်းတလုံးရယ်၊ အိမ်သုတ်ဆေးတဂါလံပုံးရယ်၊ ကြက်အရှင် ၂ကောင်နဲ့ ဘဲအရှင်က ၎
ကောင်ရယ်လေ။ဘာလုပ်ရမှန်းမသိဘူးဖြစ်နေတုံး မိန်းမတေစ်ယောက်ကလာမေးတယ်...
"ခြံအမှတ် ၀၀၇၊ ရေဝတီလမ်းကို သိပါသလားရှင်"
"သိတာပေါ့၊ ကျနော့်ခြံဘေးကပ်လျက် ခြံဘဲ"
"ဒါဆို ဘယ်လိုသွားရမလဲရှင်"
"ကျနော်လဲ အိမ်ပြန်မှာ ကျနော်နဲ့လိုက်ခဲ့လေ၊ ဒါပေမဲ့ဒီဟာတွေကိုဘယ်လိုသယ်ရမှန်းမသိဘူးဖြစ်နေလို့"
"လွယ်လွယ်လေး၊ အိမ်သုတ်ဆေးပုံးကို တောင်းထဲ ထဲ့လိုက်ပြီး ခေါင်းနဲ့ရွက်လိုက်၊ကြက်တကောင်စီကို လက်မောင်းမှာ ချိပ်လိုက်၊ ဘဲ၂ ကောင်ဆီကိုလက်တဖက်ဆီမှာဆွဲလိုက်"
သူမပြောသလိုလုပ်လိုက်တာ ကိုထုံ တော်တော်အဆင်ပြေသွားတယ်။အဲလိုနဲ့ အတူတူလျှောက်လာကြရင်း လမ်းခုလပ် လူပြတ်တဲ့နေရာရောက်တော့ အဲဒီမိန်းမကကိုထုံကို စွပ်စွဲပါတော့တယ်...
"ရှင်..ရှင်...ကျမကို လူပြတ်တဲ့လမ်းကနေ ခေါ်လာပြီး ဗလက္ကာရကျင့်မလို့ မလား"
"ဗျာ...ကျနော့် ခေါင်းပေါ်မှာ ဆေးပုံးကြီးနဲ့တောင်းကိုရွက်ထားတယ်...လက်မောင်းမှာလဲ ကြက်တွေချိပ်ထားတယ်၊ လက်နှစ်ဖက်မှာလဲ ဘဲတွေဆွဲထားရတယ်၊ ဒီလိုလူက ခင်ဗျားလေးကို ဘယ်လိုလုပ် ဗလက္ကာရကျင့်လို့ရမလဲဗျာ..."
ဒီတော့ အားနွဲတဲ့ မိန်းကလေးက ဘာပြန်ပြောတယ်ထင်လဲ... ....
"ဘဲတွေကို အောက်ချလိုက်ပြီး ထွက်မပြေးနိုင်အောင် တောင်းနဲ့ အုပ်လိုက်လေ၊ဆေးပုံးကို တောင်းအပေါ်ကဖိထားလိုက်၊ ကြက်နှစ်ကောင်ကိုတော့ ကျမကိုင်ထားပေးမယ်"....တဲ့။
…………………………………………………………………။…………………………………………………………..
* "ကိစ္စမရှိပါဘူး..."*
မုတ်ဆိပ်မွေး ပါးသိုင်းမွေးရိတ်ဖို့ လူတစ်ယောက် ဆံပင်ညှပ်ဆိုင်ထဲ ဝင်လာပါတယ်။
သူ့အလှည့်ရောက်တော့ ဆံသဆရာက သူမုတ်ဆိပ်မွေး၊ ပါးသိုင်းမွေးတွေကို စ,ရိတ်ပါတယ်..မုတ်ဆိပ်မွေး နဲ့ နုပ်ခမ်းမွေးကို ရိတ်တဲ့အခါ ပြသနာ မရှိပေမဲ့ပါးသိုင်းမွေးရိတ်တော့ နဲနဲ ခက်နေတယ်။
သူ့ပါးကနဲနဲခွက်နေတာကိုး။ဒါနဲ့ ဆံသဆရာက သစ်သားနဲ့ လုပ်ထားနဲ့ အလုံးလေး တလုံးကိုပေးလိုက်ပြီး ပြောတယ်..
..."ဒါလေးကို ခဏငုံထားလိုက်၊ ဒါမှ ပါးသိုင်းမွေး ရိတ်ရတာ အဆင်ပြေမယ်"..
"အဲ...ဟုတ်တယ်ဗျ"
အဲဒီလူလည်း သဘောကျသွားတယ်၊ ဒီ ဆံသဆရာမဆိုးဘူး တော်တော်ဥာဏ်ပြေးသားဘဲ လို့တွေးနေတယ်။
ညာဘက်ပါးကို ရိတ်တော့ ညာဘက်ပါးစောင်မှာ ငုံလိုက်၊ ဘယ်ဘက်ပါးကို ရိတ်တော့ဘက်ဘက်ပါးစောင်မှာ ငုံလိုက်နဲ့ လုပ်နေရင်း ဆံသဆရာကို လှမ်းနောက်လိုက်တယ်... ...
"ခုလိုငုံထားတုန်း ခင်ဗျားသစ်သားလုံးလေးကိုမျိုချမိရင် ဘယ်လိုလုပ်မလဲ"
"ကိစ္စမရှိပါဘူးဗျာ။ နောက်နေ့ 'အီး' ပါရင် ပြန်ထွက်လာမှာဘဲ မဟုတ်လား၊အဲဒီတော့မှရေဆေးပြီး ပြန်လာပေးပေါ့၊ တခြားသူတွေလဲ ဒီလိုဘဲပြန်လာပေးနေကျဘဲဟာ"...တဲ့။
……………………………………………………… ။…………………………………………………………………….
* "ရှာဖွေရ မောလှပြီ"*
တနှစ်က မန္တလေးသင်္ကြန်ကို သွားလည်ဖြစ်တယ်။သင်္ကြန်တွင်းလူအစည်ကားဆုံးဖြစ်တဲ့ကျုံးနဲ့အနီးဆုံးဟော်တယ်တစ်ခုမှာ
တည်းခိုဖို့သွားတော့ အခန်းတိုင်း လူပြည့်နေတယ်တဲ့။တော်တော်စိတ်ညစ်သွားတယ်။ကောင်တာစာရေးမက ဆက်ပြောလာတယ်...
"အခန်းလွတ်တစ်ခုတော့ ကျန်သေးတယ် ဦး၊ ဒါပေမဲ့ အဲဒီအခန်းက အိမ်သာပျက်နေလို့ပြင်နေတာ မပြီးသေးဘူး၊ အများသုံးအိမ်သာမှာ အသုံးပြုပြီးနေနိုင်တယ်ဆိုရင်တော့ ဦး နေလို့ရပါတယ်"
ဘယ်မှလည်းထပ်မရှာချင်တော့တာနဲ့ အဲဒီအခန်းကိုဘဲ ယူလိုက်တယ်။မန္တလေးသင်္ကြန်မှာ ပျော်ပါတယ်။
အခန်းပြန်ရောက်လို့ အပေါ့အလေးသွားတဲ့အခါ နည်းနည်းကသီတာကလွဲလို့ကျန်တာအားလုံးအိုကေပါတယ်...
အဲ...မအိုကေတာက ပြန်မယ့်နေကျမှဖြစ်တာ၊ပြန်မယ်ဆိုပြီး ပစ္စည်းတွေထုတ်ပိုးသိမ်းဆည်းပြီးကာမှ ဗိုက်ကရစ်ရစ်ပြီးနာလာတယ်..ဒါနဲ့ အိမ်သာရှိရာ ကမန်းကတန်းပြေးရတာပေါ့၊ ကံများမကောင်းချင်တော့ အိမ်သာက
တခန်းမှမအားဘူး။ဟိုတယ်က၂ထပ်ဆိုတော့အောက်ထပ်မှာလဲအများသုံးအိမ်သာရှိတာနဲ့အောက်ထပ်ဆင်းပြေးရပြန်တယ်..အာ..အောက်ထပ်က အိမ်သာတွေမှာလဲ လူအပြည့်..ခက်ပြီ၊ ဒီမှာလဲထွက်ကျတော့မယ်...
ကြံရာမရတဲ့အဆုံး အခန်းကိုဘဲပြန်လာလိုက်တယ်...အခန်းထဲက စာပွဲပေါ်မှာအလှတင်ထားတဲ့ ပန်းအိုးကိုယူလိုက်တယ်၊
ပန်းတွေကို ဆွဲထုတ်လိုက်ပြီး ပန်းအိုးထဲကို ဗိုက်နာတဲ့ကိစ္စရှင်းချလိုက်တယ်။ပြီးတော့ ပန်းတွေ ပြန်စိုက်ထဲ့လိုက်တယ်။
ခုမှနေသာထိုင်သာရှိတော့တာကိုး...ပြီးတာနဲ့ အိတ်ဆွဲပြီးခပ်တည်တည်နဲ့ ထွက်လာခဲ့တာပေါ့။
ဒီလိုနဲ့.....
နောက်တစ်ပတ်လောက်ကြာတော့ ဟိုတယ်က ပို့လိုက်တဲ့ ပို့စ်ကဒ် တစ်ခု စာတိုက်က
ရောက်လာတယ်..ပို့စ်ကဒ်မှာရေးထားတာက... ...
"လူကြီးမင်းရှင့်...
အားလုံးကိုခွင့်လွတ်ပါသည်၊ဘယ်နေရာမှာ ပါခဲ့တယ်ဆိုတာကိုတော့ သိပါရစေရှင်"....*တဲ့
…………………………………………………………………။……………………………………………………………….
* "ကယ်ဆယ်ရေး အဖွဲ့"*
နှစ်ယောက်စီး ဆက်စနာ ၁၅၂ အမျိုးအစားလေယာဉ်ပျံငယ်လေးတစင်း မြန်မာပြည်အလယ်ပိုင်းကမြို့လေးတမြို့ရဲ့ သင်ချိုံင်းကုန်းတခုအတွင်း ပျက်ကျသွားပါတယ်။အထူးလေ့ကျင့်ပေးထားတဲ့ ရှာဖွေရေးနှင့် ကယ်ဆယ်ရေးတပ်စိပ်တစ်စိပ် လွတ်လိုက်ပါတယ်။မကြာမှီမှာဘဲ အထက်လူကြီးများထံ သတင်းပေးပို့ချက်ရောက်လို့ လာပါတော့တယ်...
*" လေယာဉ်ပျက်ကို ရှာဖွေတွေ့ရှိ၊ သေဆုံးသူရုပ်အလောင်း ၁၅၀ ခန့်တွေ့၊သေဆုံးသူအရေအတွက် ယခုထက်ပိုများနိုင်၊ ဆက်လက်ရှာဖွေတူးဖော်လျက်ရှိကြောင်းသတင်းပေးပို့အပ်"...*
…………………………………………………………………………..။……………………………………………………..
*ရေငုပ်ချန်ပီယံ*
ရေငုပ်သမားတစ်ဦး ရေငုပ်နေရင်း ပင်လယ်ရေမျက်နှာပြင်အောက် ၁၅ပေခန့် အရောက်မှာရေငုပ်ဝတ်စုံမပါတဲ့တခြားလူတစ်ယောက်ကို သူနဲ့မလှမ်းမကမ်းမှာ တွေ့လိုက်တယ်။အဲ...သူ ပေ၃၀ ရောက်တော့လဲ ခုနလူကိုတွေ့ရပြန်ပါတယ်။တခါ ပေ၄၀ ထိ ဆက်ငုပ်တော့လဲ အဲဒီလူပါလာတုံးဘဲ...ဆိုတော့အံ့သြမှုကိုမထိမ်းနိုင်တော့ဘူး။ဒါနဲ့ ရေအောက်မှာ အသုံးပြုလို့ရတဲ့ Waterproof chalkboard ပေါ်မှာ စာရေပြီးမေးလိုက်တယ်...
"ဟေ့လူ...ရေငုပ်ဝတ်စုံမပါဘဲဒီလောက်ပင်လယ်ရေအနက်ထိငုပ်နိုင်တာ...ချီးကျူးပါတယ်ဗျာ"
ဟိုလူက သူ့ chalkboard ကို ဆွဲယူပြီး စာပြန်ရေးပြတယ်..."ငါက ရေနှစ်နေတာဟ...မအေပေးရ"
* "ဘာရမလဲ"*
အဝေပြေးလမ်းမတစ်ခု အပေါ်မှာဖြစ်သည်။ဆိုင်ကယ်တစ်စီးဟာ နွားပေါက်စလေးတစ်ကောင်ကို တိုက်မိတဲ့ အတွက်
နွားလေးသေဆုံးသွားပါတယ်။နွားပိုင်ရှင်က ဆိုင်ကယ်သမားဆီမှာ အလျော်တောင်းတယ်... ...
"နွားတန်ဖိုးကိုလျော်ပေတော့"
"နွားလေးက ဘယ်လောက်တန်သလဲ"
"အခုတော့ ဒေါ်လာ၂၀၀ လောက်ဘဲတန်တယ်၊ ဒါပေမယ့် နောက် ၆နှစ်ကြာရင် ဒေါ်လာ ၉၀၀လောက်တန်မှာ၊ ဒီတော့ ဒေါ်လာ ၉၀၀ လျော်"
"ကောင်းပြီလေ..."
ဆိုပြီး..ဆိုင်ကယ်သမားက ချက်လက်မှတ်တစ်စောင် ရေးပေးတယ်။
"ကဲရော့...ဒီမှာ ဒေါ်လာ ၉၀၀ ချက်လက်မှတ်၊ နောက် ၆နှစ် နေ့စွဲနဲ့ ရေးထားတယ်၊အဲဒီနေ့ရောက်ရင် ထုတ်လို့ရပြီ..."
……………………………………………………………..။……………………………………………………………………
*"စိတ်ဓါတ်မကျနဲ့"*
မိဝေ တစ်ယောက် ခက်ခဲကြမ်းတမ်းတဲ့နေ့တွေကို ဖြတ်သန်းနေရတော့ စိတ်ပျက်နေရှာတယ်။သူ့အိမ်ဧည့်ခန်းထဲက ဆိုဖာခုံပေါ်မှာ စိတ်ပျက်လက်ပျက်ထိုင်ချလိုက်တယ်။ပြီးတော့ သူ့အမေနဲ့မောင်လေးကို တိုင်တည်ပြောပြရင်း ညီးညူနေတယ်... ...
"ဘယ်သူမှ ငါ့ကိုမချစ်ကြဘူး၊ တကမ္ဘာလုံးမှာ ရှိသမျှလူတွေကငါ့ကိုမုန်းနေကြပြီထင်တယ်"
ဒီတော့ သူ့အမေက အားပေးတယ်.. ...
"တကမ္ဘာလုံးတော့ မဖြစ်နိုင်ပါဘူးအေ..."
သူ့မောင်လေးကလည်း ဝင်ပြီးထောက်ခံရှာတယ်... ...
"ဟုတ်တယ်...မမကို မသိတဲ့လူတွေကတော့ မုန်းမှာမဟုတ်ပါဘူး"...တဲ့။
…………………………………………………………………..။…………………………………………………………..
*"မိန်းမဆိုး"*
စစ်သားနှစ်ဦး အားလပ်ချိန်မှာ စကားစမည်ပြောနေကြတယ်။
"မင်း ဘာလို့ စစ်ထဲဝင်တာလဲ"
"ငါ့မှာ မိန်းမလည်း မရှိဘူး၊ တိုက်ရခိုက်ရတာလဲ ဝါသနာပါလို့ စစ်ထဲဝင်တာ၊ မင်းကရော?"
"ငါ့မှာ မိန်းမရှိတယ်လေ၊ အေးအေးချမ်းချမ်းနေချင်လို့ စစ်ထဲဝင်တာ"
…………………………………………………..။……………………………………………………………..
*"လျှို့ဝှက်သင်္ကေတ"*
အိုစမာဘင်လာဒင် အသက်ရှင်လျက်လား၊ ကျဆုံးသွားပြီလားဆိုတာ လူတွေအားလုံး တိတိကျကျမသိကြဘဲ ဇဝေဇဝါဖြစ်နေကြဆဲပါ။တနေ့တော့အိုစမာဘင်လာဒင်ကစဉ်းစားတယ်...အမေရိကန်သမ္မတဆီစာတစ်စောင်ရေးပို့မယ်ပေါ့။သူကိုယ်တိုင် သူ့လက်ရေးနဲ့ရေးပို့မယ်၊ ဒါမှ သူအသက်ရှင်လျက် ရှိတယ်ဆိုတာသက်သေထင်ရှားမယ်လေ။ ဒါနဲ့ အမေရိကန်သမ္မတဂျော့ဘုရှ် တစ်ယောက် ဘင်လာဒင်ပို့လိုက်တဲ့စာကိုလက်ခံရရှိတော့ ...ဖတ်ကြည့်လိုက်တယ်။
စာက တကြောင်းထဲရယ်... 370HSSV-0773H
စာကိုဖတ်ကြည့်ပြီး ဂျော့ဘုရှ် အာရုံနောက်သွားတယ်။လျှို့ဝှက်သင်္ကေတနဲ့ရေးထားတာဆိုတော့ သူ နားမလည်ဘူးလေ။
သူ့ ရုံးအဖွဲမှုးကိုခေါ်ပြီး ဒီစာကို ဘာသာပြန်ခိုင်းတယ်၊ မပြန်တတ်ဘူး။သူ့ အတွင်းရေးမှုးမတွေကိုခေါ်ပြီး ဒီစာကို ဘာသာပြန်ခိုင်းတယ်၊ မပြန်တတ်ဘူး။သူ့ နိုင်ငံခြားရေးဝန်ကြီး ကွန်ဒိုလီဇာရိုက်ကိုခေါ်ပြီး ဒီစာကိုဘာသာပြန်ခိုင်းတယ်၊ မပြန်တတ်ဘူး။သူ့ ကာကွယ်ရေးဝန်ကြီးကိုခေါ်ပြီး ဒီစာကို ဘာသာပြန်ခိုင်းတယ်၊ မပြန်တတ်ဘူး။အဲဒီဝန်ကြီးတွေရဲ့ အတွင်းရေးမှုးမတွေကိုခေါ်ပြီး ဒီစာကို ဘာသာပြန်ခိုင်းတယ်၊မပြန်တတ်ဘူး။အမေရိကန်အမျိုးသား စုံစမ်းရေးဗြူရိုကို ပို့ပြီး ဘာသာပြန်ခိုင်းတယ်။ မရပါဘူး။အမေရိကန် ဗဟိုထောက်လှမ်းရေးအေဂျင်စီကို ပို့ပြီး ဘာသာပြန်ခိုင်းတယ်၊ ဒါလဲမပြန်တတ်ကြဘူး။ ကြံရာမရတဲ့အဆုံးမှာတော့...အမေရိကန်ရဲ့ အရှေ့အလယ်ပိုင်းက မဟာမိတ်ဖြစ်တဲ့အစ္စရေးနိုင်ငံကို အကူအညီတောင်းရတော့တယ်။အစ္စရေးက သူ့ ဘဝပေးအခြေအနေရ အာရပ်ရေးရာကျွမ်းကျင်သူကိုး၊ဘင်လာဒင်ရဲ့အထာကိုကောင်းကောင်းကျွမ်းတယ်လေ။နောက်ဆုံးအစ္စရေးထောက်လှမ်းရေးအဖွဲ MOSAD က ဘင်လာဒင်ရဲ့ လျှို့ဝှက်စာကိုဖတ်ကြည့်ပြီး အမေရိကန်သမ္မတဆီကို စာပြန်လိုက်တယ်... ...
"သမ္မတကြီးခင်ဗျား....စာကို ဇောက်ထိုးမဖတ်ပါနဲ့ခင်ဗျား"... ...တဲ့။
………………………………………………………………………..။……………………………………………………………
*"အစက ပြောသားနဲ့"*
ကျနော်နဲ့ကျနော့်မိန်းမ ပြင်သစ်နိုင်ငံ ပဲရစ်မြို့ကို အလည်ရောက်ခဲ့စဉ်ကပေါ့။တည်းခိုတဲ့နေရာကလည်း ပဲရစ်မြို့ရဲ့နာမည်ကျော် "ချစ်သူလမ်းကြား" အနီးကဟိုတယ်တစ်ခုမှာလေ။ညနေစောင်းလဲရောက်ရော ကျနော့်ဇာတိက ပြ လာတယ်၊ အဲဒီ "ချစ်သူလမ်းကြား" ထဲကိုသွားကြည့်ချင်တာလေ။ ဝါသနာပါတာကိုး။ဒါနဲ့ မိန်းမကိုလှည့်ပတ်ပြောခဲ့ပြီး သူ့ကို ဟိုတယ်အခန်းမှာ ခဏထားခဲ့လိုက်တယ်၊ပြီးတာနဲ့ ချစ်သူလမ်းကြားတလျှောက် အစုံအဆန်လိုက်ကြည့်မိတယ်... ...အားပါးပါး...မိန်းမလှလေးတွေဗျာ၊ ပလက်ဖောင်းပေါ်မှာ၊ တိုက်နံရံဘေးမှာ၊လှေခါးအဆင်းနေရာလေးတွေမှာ...ပေါမှပေါ ချောမှချော။အသားလေးတွေများဝင်းစိုအိဖတ်နေလိုက်တာ..ခြေသလုံးလေးတွေဆိုရင်ပြေးပြေးဟပ်လိုက်ချင်တယ်..တကယ်။မနေနိုင်တာနဲ့ ကောင်မလေးတစ်ယောက်ကို ကပ်ပြီး မေးကြည့်လိုက်တယ်... ...
"မိန်းကလေး...ဘယ်ဈေးလဲကွ"
"ရိုးရိုးဆိုရင် ဒေါ်လာ ၂၀၀၊ အစုံဆိုရင် ဒေါ်လာ ၂၅၀"
"ဟင်...အဲလောက်တောင် ဈေးကြီးတာလား၊ ငါ က ၂၅ ဒေါ်လာလောက်ဘဲ ထင်နေတာ"
"အဲဒါဆိုရင်တော့ ...ရှင် ဟိုဘက်တစ်လမ်းကျော်ကိုသွား၊ အဲဒီမှာ ၂၅ဒေါ်လာတန်တွေရှိတယ်၊ ဒါပေမဲ့ စုပ်ပြတ်နေတာတွေဘဲ ရမှာနော်"…."အော်...အေးပါကွာ၊ မသွားတော့ပါဘူး၊ ပြန်တော့မယ်"
"ကြွ...ကြွ"
ဟူး...မလွယ်ဘူး၊ သွားပြီး စပ်စုမိတာ အကောခံလိုက်ရတာ အဖတ်တင်တယ်။ အခန်းပြန်မှ။
ဒါနဲ့ ဟိုတယ်ကိုပြန်၊ ရေမိုးချိုး၊ မိန်းမကို လက်ဆွဲပြီးနှစ်ယောက်သားညစာစားဖို့ လမ်းမအတိုင်း ဆိုင်လိုက်ရှာရွေးနေတုံး...
ကံများဆိုးချင်တော့ ခုနက မိန်းကလေးနဲ့ မျက်နှာခြင်းဆိုင်တိုးပါလေရောဗျာ။
သူကလည်းမှတ်မိတယ်၊ မှတ်မိတာထက်ဆိုးတာက သူ ပြောလိုက်တဲ့ စကားဗျ... ...
"အော်..ခုတော့ ၂၅ ဒေါ်လာတန်ကြီး မ, လာတယ်ပေါ့လေ၊ ကျမ မပြောဘူးလား၊စုပ်ပြတ်နေတာပါလို့"
…………………………………………………………………။……………………………………………………
*'ကိုယ်ချင်းစာ စိတ်'*
လူတစ်ယောက် ဆေးဆိုင်မှာ ဆေးလာဝယ်တယ်.. ..."ဆိုင်ရာနိုက် တအောင်စလောက် ရောင်းပါ"
ဆေးရောင်းသူ လန့်သွားပြီး ပြန်မေးတယ်.. ..
"ဘာ...ဆိုင်ရာနိုက်ဆိုတာ အဆိပ်ဗျ၊ ဆေးစာ မပါဘဲရောင်းလို့ မရဘူး၊ ခင်ဗျားကဘာလုပ်မလို့ လဲ"
"ငါ့ မိန်းမကို အဆိပ်ကျွေးသတ်မလို့"
"ဟာ...ဒီလိုဆို ပိုဆိုးတယ်၊ ရောင်းမပေးနိုင်ပါဘူးဗျာ၊ ခွင့်လွတ်ပါ"
ဒီတော့ ဆေးလာဝယ်သူက သူ့အိပ်ကပ်ထဲက ဓါတ်ပုံတစ်ပုံကို ထုတ်ပြတယ်၊
ဆေးရောင်းသူက အဲဒီဓါတ်ပုံကိုယူကြည့်လိုက်ပြီး...
"ဟာ...ဆိုးလိုက်တဲ့ရုပ်ဗျာ၊ ဒီလောက်ရုပ်ဆိုးတာ ကျနော့်တသက် တခါမှ မမြင်ဘူးဘူး၊
ဒါဘယ်သူ့ပုံလဲ"……………"ငါ့ မိန်းမလေ"
"အင်း...ဒီလိုဆိုတော့လည်း ရောင်းပေးလိုက်ပါမယ်"
………………………………………။…………………………………………..
အားလုံးရယ်မောနိုင်ကြပါစေ...TTO
Subscribe to:
Posts (Atom)