Saturday 25 June 2011

ကဗျာလေး တပုဒ်ပါ......

မေးလ် ထဲရောက်လာတဲ့ ကဗျာလေး တပုဒ်ကို ကြိုက်လို့ တင်လိုက်တာပါ ။ ရိုင်း

ရင်တော့ ခွင့်လွတ်ကြပါဗျာ ။ မူရင်း မပျက်ချင်လို့ ဒီအတိုင်းတင်လိုက်တာပါ ။

ကြီးမိုက်
 


လူငယ်တွေအတွက်လည်း အားမဖြစ်
လူကြီးချင်းလည်း တရားမဖြစ်
နှစ်ယောက်ရှိ ရန်ထဖြစ်ကြ
ငယ်ကျိုးငယ်နာတွေဖော်
အချင်းချင်း ဆော်ပလော်တီး
မာန်မာနတွေ တညီးညီးနဲ့
သေဖို့လည်း နီးနေကြပြီ။

ယဉ်ကျေးမှုလည်း နားမလည်
ဟိရိသြတ္တပ္ပလည်း မရှိ
အပြုသဘောလည်း မဆောင်
_ီးချင်း မိုးမွှန်အောင်ဆဲ
အွန်လိုင်းမှာ မိုက်ကြေးခွဲ
သင်္ချိုင်းထဲလည်း ခြေတလှမ်းဝင်နေပြီ။

အပြုသဘော အမှန်နဲ့
ပေါင်းစည်းမှုသဏ္ဍာန် မြင်ချင်စမ်းပ
အဆိုးမြင် သဘောကင်းလို့
အကျိုးထင် မနောရှင်းစွာ
လူငယ်တွေကို ရှေ့ဆောင်ပြု
ရွယ်တူချင်း ညီညွတ်
တိုင်းပြည်အရေးမျှော်လို့
အတွေး ထပ်မချော်ကြစေချင်။

မောဟအမှောင်ဖုံးလို့
ဘဝတွေ မဆုံးကြစေဖို့
လူကြီးမင်းတို့ရေ...
ကိုယ့်အသက်ကိုလည်း အားနာကြအုံး။

မောင်ပါလ
၂၃.၆.၂၀၁၁

No comments:

Post a Comment

တစုံတခုတော့ ထားခဲ့ကြပါနော်...