Friday 7 November 2014

တစ်ပါတည်း ကားတိုင်ပေါ်မှာအသေခံသော ရှင်ဘုရင် ( ၃ )

ယုဒလူတို့ သည် သခင်ယေရှုကို သူတို့ မျှော်လင့်ထားသော ရှင်ဘုရင်အဖြစ်၊ ဖြစ်မလာသောအခါ ဘုရားသ
ခင်ကိုလွန်ကြူးပြောဆိုသူအဖြစ် စွပ်စွဲသတ်မှတ်ပြီး၊ ကားတိုင်ပေါ်တွင်ရိုက်ထားပါဟု ပိလတ်မင်းအားတော
င်းဆိုခြင်းဖြစ်ပါသည်။ ဂျူးလူမျိုးတို့ သည် ထိုခေတ်ကကာလက အလွန်ဆင်းရဲကျပ်တည်းပြီး၊ ရောမတို့ ၏
လက်အောက်မှ လွတ်မြောက်ရန် ခေါင်းဆောင်ကောင်းကို မျှော်လင့်နေချိန်လည်းဖြစ်၏။ 
          
          ထိုအချိန်အခါတွင် သခင်ယေရှုသည် နိုင်ငံတော်အကြောင်းကို ဟောပြောပြီး၊ နိမိတ်လက္ခဏာများ  
ပြသသောအခါ၊ ယုဒလူတို့ သည် သူတို့ ၏ခက်ခဲကျပ်တည်းနေသောဘ၀မှ ကယ်တင်ပေးမည့် ရှင်ဘုရင်အ
ဖြစ် အမှတ်မှားခဲ့ကြပါသည်။ ယုဒလူမျိုးတို့ လိုချင်သော ရှင်ဘုရင်သည်၊ မြေကြီးပေါ်ကိုအုပ်ချုပ်သော ရှင်ဘု
ရင်ဖြစ်သည်။ သခင်ခရစ်တော် ဤလောကသို့ ကြွဆင်းလာခြင်းသည်၊ ဤမြေကြီးပေါ်တွင် သူနိုင်ငံတည်
ထောင်ရန်မဟုတ်ပါ။ ကျွန်ုပ်တို့ ၏ အသက်တာများတွင်လည်း၊ သခင်ခရစ်တော်ကို မိမိတို့ ၏ ဤလောက
တွင် လိုအပ်နေသောအရာများကို ဖြည့်ဆည်းမည့်သူအဖြစ် အမှတ်မှားနေကြပါသည်။ ခရစ်တော်လာရခြင်း
မှာ၊ ကျွန်ုပ်တို့  ၀ိညာဉ်အတွက်ဖြစ်သည်ကို အမှောင်စိတ်က ဖုံးလွမ်းထားသောကြောင့် မေ့နေကြပါသည်။
ကားတိုင်ပေါ်မှာ ရှင်ဘုရင်အဖြစ် အသေခံခြင်းက ကောင်းကင်နိုင်ငံတော်အတွက်ဆိုတာ ယုဒလူမျိုးတွေ
နားမလည်ခဲ့ပါ။ ထို့ အတူ ယနေ့ ခရစ်ယာန်များ၊ ခရစ်တော်ဘုရားကို လိုတရဘုရားကဲ့သို့  သတ်မှတ်ပြီး 
လောကီအရာများကို တောင်းခံနေကြပါသည်။ " နိုင်ငံတော် နှင့် ဖြောင့်မတ်ခြင်း တရားတော်ကို ရှေးဦးစွာ
ရှာကြလော့။" ( ရှင်မဿဲ ၆း၃၃ ) ဆိုသည့် ကျမ်းပိုဒ်ကို ယနေ့ ခရစ်ယာန်များ ကောင်းစွာ နားလည်ပုံမပေါ်
ပါ။
     
       ရှေးက ယုဒလူမျိုးများကဲ့သို့ ပင် ယနေ့ ခရစ်ယာန်များ အသက်ရှင်လျှက်ရှိပါသည်။ သခင်ခရစ်တော်နှင့်
ယုဒလူတို့ အကြောင်း ပြန်ဆက်ရလျှင်၊ ပိလတ်မင်းသည် သခင်ယေရှုတွင် အပြစ်မရှိကြောင်းကို သိသည်။
ထို့ ကြောင့် လွတ်ချင်ပါသော်လည်း ယုဒလူတို့ ကို မလွန်ဆန်နိုင်ကြောင်းကို ရှင်ယောဟန် ၁၉း၈ တွင်တွေ့ 
ရပါသည်။ ဤနေရာတွင်  "ပိလတ်မင်းသည် သာ၍ကြောက်သဖြင့် " ဟုရေးသားထားသည်ကို တွေ့ ရပါသ
ည်။ အဘယ်ကြောင့်ဆိုသော် ပိလတ်မင်း၏ ဇနီးထံမှ သခင်ယေရှုနှင့် ပက်သက်ပြီး သိရသော အိမ်မက်
( ရှင်မဿဲ ၂၇း၁၉ )အရလည်းကောင်း၊ ယုဒလူတို့ ၏ ခေါင်းဆောင်တို့ မှ ဤသူသည် မိမိကိုယ်ကို ဘုရား
သခင်၏ သားတော်ဟု ပြောပါသည်ဟု ကြားရသောအခါ၌လည်းကောင်း၊ ထိုခေတ်က ဂရိနတ်ဘုရားများ
နှင့် ရောမနတ်ဘုရားများသည် လူသားများတို့ ထံသို့ ၊ လူ့ အသွင်ဆောင်ကာ လာတတ်ကြသ်ာကို ယုံကြည်
ကြသောလည်းကောင်း၊ ပိလတ်မင်းကြောက်ခြင်းဖြစ်ပါသည်။ ပိလတ်မင်းသည် ကြောက်ခြင်းမှာ သခင်ယေ
ရှုသည် နတ်ဘုရားတစ်ပါးပါး ဖြစ်ခဲ့သော်ဆိုသည့်အနေဖြင့် ကြောက်ခြင်းဖြစ်ပါသည်။
                                                                                              
                                                                                          ( ဆက်လက်ဖော်ပြပါမည်။ )

No comments:

Post a Comment

တစုံတခုတော့ ထားခဲ့ကြပါနော်...